my_tn/2co/09/01.md

3.2 KiB

ဆက်စပ်မှုဖော်ပြချက်

ဆက်လက်၍ ပေါလုသည် ပေးလှူခြင်းအကြောင်းကို ပြောဆိုသည်။ ဂျေရုဆလင်မြို့တွင် နေထိုင်သော ဆင်းရဲသော ယုံကြည်သူများအတွက် အလှူငွေ ကောက်ခံခြင်းသည် သူ ကောရိန္သုမြို့သို့ မသွားမီကပင် လုပ်ဆောင်ကြသော အမှုတော် ဖြစ်သောကြောင့် ပေါလုသည် သူတို့အပေါ် အခွင့်အရေးယူခြင်း မဟုတ်သည်ကို သိစေချင်သည်။ ပေးလှူခြင်းသည် ပေးသောသူတို့ကို ကောင်းကြီး ဖြစ်စေ သကဲ့သို့ ဘုရားသခင်ကိုလည် ချီးမွမ်းခြင်း ဖြစ်ကြောင်း ပေါလုက ပြောကြားသည်။

ယေဘုယျအချက်အလက်

ပေါလု ရည်ညွန်းသော "အခါယပြည်" သည် ရောမအင်ပါယာကြီးတွင် ပါဝင်သော ပြည်နယ်တခု ဖြစ်ပြီး ဂရိပြည်၏ တောင်ဘက်တွင် တည်ရှိကာ၊ ကောရိန္သုမြို့ သည် ဤပြည်နယ်ထဲတွင် ရှိသည်။ (ရှု၊ rc://*/ta/man/translate/translate-names)

သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမူ

ဤစာပိုဒ်သည် ဂျေရုဆလင်မြို့တွင် နေထိုင်သော ဆင်းရဲသော ယုံကြည်သူများအတွက် အလှူငွေ ကောက်ခံခြင်း ကို ရည်ညွန်းခြင်းဖြစ်သည်။ ဤဝါကျ၏ ဆိုလိုသည့်အဓိပ္ပါယ်ကို ပို၍ ရှင်းရှင်းလင်းလင်း ရေးသားနိုင်သည်။ အခြားသော ဘာသာပြန်ချက်၊ "ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများအတွက် အမှုတော်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီ

ခါယပြည်သူပြည်သားများ၊ အထူးသဖြင့် ကောရိန္သုမြို့ရှိ အသင်းတော်ကို ရည်ညွန်း သည်။ အခြားသော ဘာသာပြန်ချက်၊ "ခါယပြည်သူပြည်သားတို့သည် ပြင်ဆင်ခဲ့ကြပြီးပြီ။" (ရှု၊ rc://*/ta/man/translate/figs-metonymy)