my_tn/2co/07/05.md

3.5 KiB

ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ

"ငါတို့" ဟူသော စကားသည် "ရှင်ပေါလု" နှင့် "တိမောတေ" တို့ကို ရည်ညွန်းခြင်း ဖြစ်ပြီး ကောရိန္သုမြို့၌ရှိသော ယုံကြည်သူများ သို့မဟုတ် တိတုကို ရည်ညွန်းခြင်းမဟုတ်ပေ။ (ရှု၊ rc://*/ta/man/translate/figs-exclusive)

ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ

ဤဝါကျတွင် "ကိုယ်ကာယ" သည် "ခန္ဓာကိုယ် တခုလုံး"ကို ရည်ညွန်းသည်။ အခြားသောဘာသာ ပြန်ဆိုချက်၊ "ငါတို့သည် နားခဲ့ရသည်မရှိ" သို့မဟုတ် "ငါတို့သည် အလွန်ပင်ပန်းခဲ့ကြသည်"။ (ရှု၊ rc://*/ta/man/translate/figs-synecdoche)

အရာရာ၌ ညှဉ်းဆဲခြင်းကို ခံကြရ၏

ဤဝါကျကို ပြုခြင်းပြဝါကျဖြင့် ရေးသားနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့သည် အရာရာ၌ ဆင်းရဲဒုက္ခ ခံခဲ့ကြရသည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ပြင်၌ကား တိုက်လှန်ခြင်းရှိ၏။ အတွင်း၌ကား စိုးရိမ်ခြင်းရှိ၏။

"ပြင်၌ကား" ဟူသော စကားလုံး အတွက် ဖြစ်နိုင်သော ဆိုလိုရင်းများမှာ (၁) "ငါတို့ ကိုယ်ခန္ဓာ၏ အပြင်ပိုင်းတွင်" သို့မဟုတ် (၂)"အသင်းတော်၏ အပြင်ဘက်တွင်။" "အတွင်း၌ကား" ဟူသော စကားလုံး သည် "စိတ်ခံစားခြင်း" ကို ရည်ညွန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အခြားသောသူများနှင့် မသင့်မတင့် ဖြစ်၍ လည်းကောင်း၊ မိမိတို့၏ အတွင်းစိတ်တွင် ကြောက်လန့်ခြင်းအားဖြင့်"။ (ရှု၊ rc://*/ta/man/translate/figs-explicit)

တိတု ရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏

ကောရိန္သုမြို့တွင်ရှိသောအသင်းသားတို့သည် တိတုအား စိတ်ချမ်းသာစေသည်ကို သိရ၍ ရှင်ပေါလုသည် စိတ်ချမ်းသာမှုကို ရရှိခဲ့သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တိတုသည် သင်တို့ထံမှရရှိသော စိတ်ချမ်းသာမှုကို သင်ယူခြင်းအားဖြင့်"။ (ရှု၊ rc://*/ta/man/translate/figs-explicit)