my_tn/2co/04/16.md

5.4 KiB

ဆက်စပ်မှုဖော်ပြချက်

မမြင်ရသော်လည်း ထာဝရတည်တံ့သည့် အရာများနှင့် နှိုင်းယှဉ်မည်ဆိုပါက ကောရိန္သုမြို့ရှိ ခရစ်ယာန်များ တွေ့ကြုံသော အခက်အခဲများသည် မပြောပလေက်သည့်အပြင် တခဏအတွင်းသာ ခံရခြင်း ဖြစ်သည်ဟု ရှင်ပေါလုက ရေးသားသည်။

ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏

အဆိုဝါကျဖြင့်ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ချက်၊ "ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချလျက် နေကြသည်။" (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း

ရုပ်ခန္ဓာကိုယ် ပျက်စီးခြင်း နှင့် သေဆုံးခြင်းကို ရည်ညွန်းသည်။ အခြားသောဘာသာပြန်ချက်၊ ငါတို့၏ ကိုယ်ခန္ခာသည် အားပျော့ကာ ပျက်ဆီးသွားမည်"။ (ရှု၊ rc://*/ta/man/translate/figs-explicit)

အတွင်းလူမူကား တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ၏

အတွင်းလူသား၊ ဝိညာဉ်အသက်တာသည် ပို၍ပို၍ သန်မာလာသည်ကို ပြောခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ချက်၊ "ကျွန်ုပ်တို့၏ ဝိညာဉ်သည် တနေ့ပြီးတနေ့ ပိုမို အားကောင်းလာသည်။" (ရှု။ rc://*/ta/man/translate/figs-explicit)

အတွင်းလူမူကား တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ၏

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ချက်၊ "ဘုရားသခင်သည် ငါတို့၏ အတွင်းလူသားကို နေ့ရက်တိုင်း သစ်လွင်ခြင်းကို ပေးသည်။ (ရှု။ rc://*/ta/man/translate/figs-activepassive)

မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊

ရှင်ပေါလုသည် သူ၏ ခံရသော ဒုက္ခများ နှင့် ဘုရားသခင်ပေးမည့် ဘုန်းတော်တို့ကို့ နှိုင်းယှဉ် ၍ချိန်ဆကြည့်ခြင်းကို ပြောဆိုခြင်းဖြစ်သည်။ သူရရှိမည့် ဘုန်းတော်သည် သူခံရသော ဒုက္ခထက် များစွာအလေးသာ နေသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အတိုးထက် အလွန်ကြီးမြတ် လေးလံသော

နောင်တွင် ပေါလု စံစားရမည့် ဘုန်းတော်သည် အတိုင်းထက် အလွန် အလေးသာမည်ဖြစ်သည်။ ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ချက်၊ အဘယ် သူမျှ တိုင်းတာနိုင်မည် မဟုတ်၊" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] နှင့် [[rc:///ta/man/translate/figs-activepassive]])

ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန် ဆိုချက်၊ "ကျွန်ုပ်တို့ မြင်နိုင်သောအရာများ . . . ကျွန်ုပ်တို့ မမြင်နိုင်သော အရာများ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ

အခြားသော ဘာသာပြန်ချက်၊ "ငါတို့သည် မမြင်ရသောအရာများကို ရှေးရှုကြသည်။" (ရှု၊ rc://*/ta/man/translate/figs-ellipsis)