my_tn/2co/04/13.md

3.8 KiB

ထိုသို့သောယုံကြည်ခြင်းစိတ်ရှိသည်ဖြစ်၍၊

တူညီသော ယုံကြည်ခြင်း စိတ်ထား။ ဤနေရာတွင် "စိတ်ထား" သည် လူတစ်ယောက်၏ စိတ်သဘောထား နှင့် အမူအကျင့်ကောင်းမွန်ခြင်း ကိုရည်ညွန်းသည်။

ကျမ်းစာလာ သည်နှင့်အညီ၊

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ချက်၊ "ဤစာများကို ရေးသားသော တစ်ယောက်အနေဖြင့်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ငါတို့သည် ယုံကြည်ခြင်းစိတ်ရှိသောကြောင့် မြွတ်ဆိုဟောပြောကြ၏

ဤစကားစုကို ဆာလံကျမ်းထဲမှ ကိုးကားထားခြင်း ဖြစ်သည်။

သခင်ယေရှုကို ထမြောက်စေတော်မူသောသူသည်

"သောသူ" ဟူသောစကားသည် 'ဘုရားသခင်အား" ရည်ညွန်းသည်။ အခြားသော ဘာသာပြန်ချက်၊ "ဘုရားသခင်သည် သခင်ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေသောသူ ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်တို့နှင့်အတူအထံတော်၌ သွင်းတော်မူမည် ဟု ငါတို့သိကြ၏

" ငါတို့" ဟုဆိုရာ၌ "ကောရိန္သုမြို့ရှိ ခရစ်ယာန်များ" ပါဝင်ခြင်း မရှိပါ။ (ရှု၊ rc://*/ta/man/translate/figs-exclusive)

ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ အလို့ငှါဖြစ်သတည်း

ဤနေရာတွင် "ခပ်သိမ်းသောအရာ" သည် ရှင်ပေါလုက အပေါ်တွင်ဖေါ်ပြထားသော သူ၏ ဒုက္ခအခက်အခဲ ခံခြင်းများကို ရည်ညွန်းသည်။

ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းသရေတော်ကို ထင်ရှားစေမည် အကြောင်း၊

အခြားသော ဘာသာပြန်ချက်၊ ဘုရားသခင်သည် သူ၏ ကျေးဇူးတော်အား လူများအပေါ် သက်ရောက်စေသကဲ့သို့။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊

ကျေးဇူးတော် ချီးမွမ်းခြင်း အားဖြင့် ဝမ်းမြောက်ပျော်ရွှင်ခြင်းသည် ပို၍ပို၍ ကြီးလာကြောင်း ရှင်ပေါလုက ပြောဆိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)...................................................................................................................................................................................................................