my_tn/2co/04/11.md

4.4 KiB

ငါတို့၏သေတတ်သော ခန္ဓာကိုယ်၌ ထင်ရှားစေခြင်းငှါ၊ ငါတို့သည်အသက်ရှင်စဉ်တွင် ယေရှုကြောင့်သေခြင်းလက်သို့

ယေရှု၏ သေခြင်းအမှတ်လက္ခဏာကို ဝတ်ဆင်ခြင်းသည် သခင်ယေရှုအပေါ် သစ္စာတည်မြဲခြင်း ကြောင့် ကြုံတွေ့ရမည့် ကြောက်မက်ဘွယ် သေခြင်းတရား နှင့်နီးသည်ကို ကိုပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကြောင်းမူကား အသက်ရှင်သော ငါတို့သည် သခင်ယေရှုနှင့် ပေါင်းစည်းခြင်းကြောင့် သေခြင်းကို ရင်ဆိုင်ရန် ဘုရားသခင်သည် ငါတို့အား ဦးဆောင်သည်" (UDB) သို့မဟုတ် "လူများစွာတို့သည် အသက်ရှင်သော ငါတို့အား သေခြင်းကို ခံရရန် ပြုကြသည်၊ အဘယ့်ကြောင့်ဆိုသော် ငါတို့သည် သခင်ယေရှုနှင့် ပေါင်းစည်းခြင်းကြောင့် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ယေရှုသည်အသက်ရှင်တော်မူကြောင်းကို၊ ငါတို့၏သေတတ်သော ခန္ဓာကိုယ်၌ ထင်ရှားစေခြင်းငှါ

ငါတို့၏ အသက်တာ၌ သခင်ယေရှု၏ အသက်ရှင်ခြင်း ထင်ရှားရန် ဘုရားသခင် အလိုရှိတော်မူသည်။ ဖြစ်နိုင်သော ဆိုလိုရင်းများမှာ၊ (၁) "ငါတို့သည် ခန္ဓာကိုယ်သည် ပြန်လည်အသက်ရှင်မည်။ အဘယ့်ကြောင့် ဆိုသော် ယေရှုသည် အသက်ရှင်တော်မူသည်" (UDB) သို့မဟုတ် (၂) "သခင်ယေရှုသည် ငါတို့ကို ပေးသော ဝိညာဉ်ရေးနှင့်ဆိုင်သော အသက်တာသည် ငါတို့၏ ခန္ဓာကိုယ် အားဖြင့်ထင်ရှားရမည်။"4:7 ကို ပြန်၍ဖတ်ကြည့်ပါ။

ငါတို့၏သေတတ်သော ခန္ဓာကိုယ်၌ ထင်ရှားစေခြင်းငှါ

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ချက်၊ "ငါတို့၏ ခန္ဓာကိုယ်အားဖြင့်အခြားသောလူတို့သည် ယေရှု၏ အသက်တာကို မြင်နိုင်လိမ့်မည်။" 4:7 တွင်ရှင်းပြထားသည်ကို ကြည့်ပါ။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

သေခြင်းတရားသည် ငါတို့၌ပြုပြင်တတ်၏

ရှင်ပေါလုသည် သေခြင်းနှင့် အသက်ရှင်ခြင်းသည် သူတို့၏ လုပ်ဆောင်နိုင်သောအရာဖြစ်သည်ဟု ပြေဆိုသည်။ ဆိုလိုသည်မှာ သူတို့သည် အချိန်တိုင်း ခန္ဓာကိုယ်သေခြင်း အန္တာရာယ်ကို ရင်ဆိုင်နေရသောကြောင့်ကောရိန္သုမြို့ ရှိ ယုံကြည်သူများသည် ဝိညာဉ်ရေးရာ အသက်တာကို ပိုင်ဆိုင်ထားရန် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-personification)