my_tn/2co/04/07.md

6.5 KiB

ငါတို့နှင့်မဆိုင်၊

ဤစာကြောင်းတွင် "ငါတို့" ဟူသော စကားသည် ကောရိန္သုမြို့ရှိ ခရစ်ယာန်တို့ကို ရည်ညွန်းခြင်း မဟုတ်ဘဲ ပေါလု နှင့် သူ၏ အမှုတော်ဆောင်ဖက်များကို ရည်ညွန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-exclusive)

ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ၏

ရှင်ပေါလု ပြောဆိုသည်မှာ သတင်းဧဝံဂေလိသည် အလွန်တန်ဖိုးကြီးသော ဘဏ္ဍာ ကဲ့သို့ဖြစ်ပြီး၊ သူတို့၏ ခန္ဓာကိုယ်သည် ကွဲလွယ်သော မြေအိုး ကဲ့သို့ဖြစ်ပြီး မြေမှုန့်မှ ပြုလုပ်ထားခြင်း ဖြစ်သည်။ အထူးပြောလိုသည်မှာ သူတို့သည် သူတို့ဟောပြောသော အလွန်တန်ဖိုးကြီးသည့် သတင်းကောင်းနှင့် နှိုင်းယှဉ်သောအခါ သူတို့၏ တန်ဖိုးသည် အနည်းငယ်မျှလောက်ပင် ပြောစရာမရှိ။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သို့သော်လည်း

ထို့ကြောင့် ဤအရာသည် လူများအမြင်တွင် ရှင်းရှင်း လင်းလင်း ဖြစ်သည် (သို့မဟုတ်) ထို့ကြောင့် လူများသည် ကောင်းစွာ သိသည်။

ငါတို့သည်အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ လူတို့သည် ငါတို့အား နည်းလမ်းအမျိုးမျိုးဖြင့် နာကျင်အောင်လုပ်သည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

ညှင်းဆဲခြင်းကိုခံရသော်လည်းဆုံးရှုံးခြင်းမရှိ။

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန် ဆိုချက်၊ လူများသည် ငါတို့ကို ညှင်းဆဲခြင်း ပြုကြသော်လည်း ဘုရားသခင်သည် ငါတို့ကို ပစ်ပယ်မထားပါ။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

အောက်သို့ လှဲခြင်းကိုခံရသော်လည်းဆုံးရာသို့မရောက်

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန် ဆိုချက်၊ လူအပေါင်းသည် ငါတို့အား သေစေရန် ပြုကြသော်လည်း ငါတို့သည် မပျက်ဆီးပါ။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

အောက်သို့ လှဲခြင်းကိုခံရသော်လည်း

ဆိုးရွားစွာ နာကျင်ခြင်းကို ငါတို့ခံရသည်။

ယေရှု၏ သေတော်မူခြင်းကိုအစဉ်မပြတ်ငါတို့၏ ကိုယ်ခန္ဓာ၌ ဆောင်ရကြ၏

ပေါလုသည် သူ၏ ဒုက္ခခံစားရခြင်းကို သခင်ယေရှု အသေသတ်ခြင်းခံရသည်ကို သူခံစားရသကဲ့သို့ဖြစ်ကြောင်း ပြောဆိုသည်။ အခြားသောဘာသာပြန်ချက်၊ ယေရှုသည် အသေသတ်ခြင်း ခံရသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကြောက်စရာ သေခြင်းကို မကြာခဏ ရင်ဆိုင်ရသည် (UDB) သို့မဟုတ် "ငါတို့သည် သခင်ယေရှုသေခြင်း ခံရသည်ကို ကိုယ်တိုင် ခံစားရသကဲ့သို့ နာကျင်မှု အမြဲခံစားကြသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်းငှါ

ဖြစ်နိုင်သော ဆိုလိုရင်းများမှာ (၁) သခင်ယေရှု အသက်ရှင်သည်အတိုင်း ငါတို့၏ ကိုယ်ခန္ဓာသည်လည်း ပြန်လည် အသက်ရှင်မည် (UDB)။ သို့မဟုတ် (၂) သခင်ယေရှုပေးတော်မူသော ဝိညာဉ်အသက်သည် ငါတို့၏ ခန္ဓာကိုယ်တွင် ထင်ရှားရလိမ့်မည်။

သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်း

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန် ဆိုချက်၊ "ငါတို့၏ ခန္ဓာကိုယ်ကိုကြည့်ခြင်းအားဖြင့် အခြား သောသူတို့သည် သခင်ယေရှု၏ အသက်တာကို မြင်နိုင်လိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)