my_tn/2co/03/14.md

5.9 KiB

သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍

"သူတို့၏ စိတ်နှလုံးသည် အလွန်မာကျော၏။" ရှင်ပေါလုပြောဆိုသည်မှာ ဣသရေလလူမျိုးတို့၏ စိတ်နှလုံးသည် ပိတ်ထား သကဲ့သို့ဖြစ်သည် သို့မဟုတ် ခိုင်မာသည် ဟု ပြောခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် မြင်သော်လည်း နားမလည်နိုင်ကြ။ အခြားသော ဘာသာပြန်ချက်၊ "သို့သော်လည်း ဣသရေလလူမျိုးတို့သည် မျက်စိဖြင့် မြင်ကြသော်လည်း နားမလည်နိုင်ကြ"။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ယခုတိုင်အောင် . . . ယခုတိုင်အောင်လည်း

ဤစကားစုသည် ကောရိန္သုမြို့ရှိ ယုံကြည်သူများအားရေးသားသော စာစောင်ကို ရည်ညွန်းခြင်းဖြစ်သည်။

သမ္မာကျမ်းစာကို ဖတ်ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိ၏

မောရှေ၏ မျက်နာသည် ပဝါဖြင့် ဖုံးထားသောကြောင့် မျက်နာမှ တောက်ပသော ဘုန်းတော်ကို ဣသရေလလူမျိုးတို့သည် မမြင်ရ သကဲ့သို့ ဓမ္မဟောင်း၏ပဋိညာဉ်တရားကို လူတို့သည် ဖတ်သောအခါ နားမလည်နိုင်ရန် ဝိညာဉ်ရေးနှင့်ဆိုင်သော အဖုံးဖြင့် ဖုံးထားသည်။ (ရှု။ rc://*/ta/man/translate/figs-metaphor)

ပဋိညာဉ်တရား အဟောင်းကို ဖတ်ကြသောအခါ

တစုံတယောက်သည် ပဋိညာဉ်တရား အဟောင်းကို ဖတ်သောအခါ (သို့မဟုတ်) သူတို့သည် တစ်စုံတစ်ယောက်၏ ပဋိညာဉ်တရားအဟောင်း ဖတ်သံကို ကြားကြသောအခါ"

သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိ သေး၏

သူတို့စိတ်နှလုံးသည် ဖုံးအုပ်သောအရာသည် "မောရှေ၏ မျက်နာကို ဖုံးထားသောအရာ နှင့်" အတူတူပင်ဖြစ်သည်။ ပြုသူဝါကျဖြင့်ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ချက်၊ "ခရစ်တော်၌ ဘုရားသခင်မှတပါး အဘယ်သူမျှ ထိုမျက်နှာဖုံး (စိတ်နှလုံးကို ဖုံးအုပ်သောအရာ) အား ဖယ် ရှား ခြင်းမပြု။" (ရှု။ rc://*/ta/man/translate/figs-activepassive)

မောရှ၏ကျမ်းစာကို ဖတ်ကြသောအခါ

"မောရှ၏ကျမ်းစာ" ဆိုသည်မှာ "ဓမ္မဟောင်းကျမ်း၏ ပညတ်တရားတော်ကို" ရည်ညွန်းသည်။ ပြုသူဝါကျဖြင့်ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ချက်၊ "မည်သည့်အချိန်၌မဆို တစ်စုံတစ်ယောက်သည် မောရှေ၏ ကျမ်းစာကို ဖတ်သောအခါ" (ရှု၊ [[rc:///ta/man/translate/figs-metonymy]] နှင့် [[rc:///ta/man/translate/figs-activepassive]])

သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိ သေး၏။

"စိတ်နှလုံး" ဟူသော စကားလုံးသည် "စိတ် နှင့် အတွေး အခေါ် " ကိုရည်ညွန်းသည်။ သူတို့၏ စိတ်နှလုံးအား ဝိညာဉ်ရေးရာ မျက်နှာဖုံးဖြင့် ဖုံးထားသဖြင့် ပဋိညာဉ်တရားအဟောင်းကို နားလည်နိုင်စွမ်းကို တားဆီးထား သည်။ တနည်းအားဖြင့်၊ "သူတို့၏ စိတ်နှလုံးကို ပါဝါဖြင့် ဖုံးထားသည်။ (ရှု၊ [[rc:///ta/man/translate/figs-metonymy]] နှင့် [[rc:///ta/man/translate/figs-metaphor]])

ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်း လိမ့်မည်

ဆိုလိုသည်မှာ သူတို့အား နားလည်သဘောပေါက် နိုင်စွမ်းကို ယခုပေးပြီ။ ပြုသူဝါကျဖြင့်ပြန်ရေးနိုင်သည်။အခြားသော ဘာသာပြန်ချက်၊ "ဘုရားသခင်သည် ထိုမျက်နှာဖုံးကို ဖယ်ရှားလေသည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)