my_tn/1ti/06/20.md

2.2 KiB

သင်၌အပ်ထားသော အရာကို စောင့်ရှောက်လော့။

အခြားသောဘာသာပြန်ဆိုချက်၊ " သခင်ယေရှု ပေးအပ်သော သမ္မာတရားကို သစ္စာရှိစွာ ဟောပြောပါ။" (UDB) (ရှု၊ rc://*/ta/man/translate/figs-activepassive)

တရားမဲ့ဖြစ်သော အချည်းနှီး စကားပြောခြင်းကို၎င်း...ရှောင်လော့။

"အချည်းနှီးသော စကားပြောခြင်းကို ဂရုမစိုက်နှင့်။"

သိပ္ပံအတတ်ဟူ၍ အလွဲခေါ်ဝေါ်သော

အခြားသောဘာသာပြန်ဆိုချက်၊ "အချို့သောသူတို့သည် သိပ္ပံအတတ်ဟူ၍ လွဲမှားစွာ ခေါ်သော" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ယုံကြည်ခြင်းတရားလမ်းမှ လွဲကြပြီ။

ရှင်ပေါလုက ခရစ်တော်ကိုယုံကြည်သော ယုံကြည်ခြင်းကို ချိန်ရွယ်၍ ပစ်ရသော ပစ်မှတ်ကဲ့သို့ ပြောခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သည် ယုံကြည်ခြင်းအစစ်ကို နားမလည်" ဟုဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်၌ကျေးဇူးတော်ရှိစေသတည်း။

"ဘုရားသခင်သည် သင်တို့ အားလုံးကို ကျေးဇူးပြုပါစေသော။" "သင်တို့" သည် အများကိန်းဖြစ်၍ ခရစ်ယာန် အသိုင်းအဝိုင်းတစ်ခုလုံးကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-you)