my_tn/1ti/06/13.md

2.4 KiB

ဆက်စပ် ဖော်ပြချက်

ရှင်ပေါလုသည် သခင်ယေရှု ပြန်လည်ကြွလာခြင်းအကြောင်းကို ပြောပြထားခြင်းဖြစ်သည်။ ချမ်းသာသောသူများကို သီးခြားညွှန်ကြား၍ နောက်ဆုံး၌ တိမောသေအား အထူးမှာကြားချက်ဖြင့် အဆုံးသတ်ခဲ့သည်။

ငါတို့သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည်တိုင်အောင်၊

"ငါတို့ သခင်ယေရှု တဖန်ပြန်ကြွလာသည့် တိုင်အောင်"

အပြစ်တင်ခွင့် မရှိဘဲလျက်၊

ဖြစ်နိုင်ချေရှိသောအဓိပ္ပာယ်များမှာ (၁) သခင်ယေရှုသည် တိမောသေအား အပြစ်တွေ့မည်မဟုတ်။ (UDB) သို့မဟုတ်(၂) အခြားသူများ သည် တိမောသေအား အပြစ်တွေ့မည်မဟုတ်။

ဘုရားသခင်ရှေ့မှာ၎င်း

"ဘုရားသခင်ရှေ့၌"၊ ရှင်ပေါလုသည် ဘုရားသခင်အား သူ၏သက်သေအဖြစ် ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကို သက်သေထား၍" (ရှု၊ rc://*/ta/man/translate/figs-explicit)

ယေရှုခရစ် ရှေ့မှာ၎င်း၊

"သခင်ယေရှု၏ရှေ့၌"၊ ရှင်ပေါလုသည် သခင်ယေရှုအား သူ၏သက်သေအဖြစ် ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သခင်ယေရှုကို သက်သေထား၍" (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါသည်သင့်ကိုပညတ်ထား၏။

"ငါသည် သင့်ကိုပညတ်ထားသည့်အရာမှာ ဤအရာဖြစ်သည်။"