my_tn/1ti/02/08.md

4.7 KiB

ဆက်စပ် ဖော်ပြချက်

ရှင်ပေါလုသည် ဆုတောင်းခြင်းနှင့် ပတ်သက်၍ ညွှန်ကြားပြီးနောက် အမျိုးသမီးများနှင့် ပတ်သက်၍ အထူးညွှန်ကြားထားသည်။

အရပ်ရပ်တို့၌ ယောက်ျားတို့သည် ...... သန့်ရှင်းသောလက် ကိုချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။

ဤနေရာတွင် "သန့်ရှင်းသော လက်" ဆိုသည်မှာ လူတစ်ကိုယ်လုံး သန့်ရှင်းသည်ဟု ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နေရာတိုင်းတွင်ရှိသော လူတို့သည် သန့်ရှင်းသောလက်ကို ချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။ " (ရှု၊ rc://*/ta/man/translate/figs-metonymy)

အရပ်ရပ်တို့၌ ယောက်ျားတို့သည်

"နေရာတိုင်း၌ ရှိသော လူတို့သည်" သို့မဟုတ် " အရပ်ရပ်တို့၌ ရှိသော အမျိုးသားတို့သည်"။

သန့်ရှင်းသောလက် ကိုချီ၍

ဆုတောင်းနေစဉ် လက်ကို မြှောက်ခြင်းသည် ပြုလုပ်နေကျ ပုံစံဖြစ်သည်။

ကျစ်သောဆံပင်၊ .......နှင့် ကိုယ်ကို မဆင်ဘဲ၊

ရှင်ပေါလု ခေတ်အခါက ရောမရှိ အမျိုးသမီးများသည် မိမိတို့ကိုယ်ကို ဆွဲဆောင်မှုရှိစေရန် ကျစ်ဆံမြီးကျစ် ကြသည်။ ကျစ်ဆံမြီးကျစ်ခြင်းသည် အမှတ်မထင် ဆွဲဆောင်မှု ရှိစေရန် အသုံးပြုသော နည်းလမ်းတစ်မျိုးသာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ထူးခြားသော ဆံပင်ပုံစံမျိုး မရှိသင့်ပါ" သို့မဟုတ် "အာရုံကို ဆွဲဆောင်သော အသေးစိတ်ကျကျ ပြင်ဆင်ထားသော ဆံပင်ပုံစံမျိုး မရှိသင့်ပါ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကျောက်ပုလဲ

ပုလဲသည် လှပပြီး တန်ဖိုးရှိသော အဖြူရောင်ကျာက် တစ်မျိုးဖြစ်ကာ ၎င်းကိုကျောက်မျက်ရတနာအဖြစ်အသုံးပြုကြသည်။ ပုလဲသည် သမုဒ္ဒရာတွင်နေသည့် သေးငယ်သော သတ္တဝါကလေးများ၏ အခွံထဲမှ ဖြစ်ပေါ်လာသည်။ (ရှု ၊ rc://*/ta/man/translate/translate-unknown)

ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်

ဤစကားလုံးနှစ်ခု စလုံးသည်အခြေခံအားဖြင့် အဓိပ္ပာယ်တူသည်။ ရှင်ပေါလုသည် အမျိုးသမီးများအနေဖြင့် သင့်တော်သော အဝတ်များကို ဝတ်ဆင်ခြင်းအားဖြင့် မတော်မလျော်သော နည်းဖြင့် အမျိုးသားများကို မဆွဲဆောင်ရန် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)

ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသော အကျင့်နှင့်၎င်း

"ကောင်းသောအမှုကို ပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းကို ပြုသော"