my_tn/1ti/02/01.md

3.7 KiB

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုသည် တိမောသေကို လူများအားလုံးအတွက်ဆုတောင်းပေးရန် ပြောဆိုခြင်းဖြစ်သည်။

ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်း

"ဘုရားသခင်ကို ယုံကြည်၍ အခြားသူများလည်း ဘုရားသခင်အား ရိုသေခြင်းရှိစေရန်"

ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊

ဤနေရာတွင် "ငြိမ်ဝပ်ခြင်း" နှင့် "ဆိတ်ညံခြင်း" သည် အတူတူပင်ဖြစ်သည်။ ရှင်ပေါလုက ယုံကြည်သူအားလုံးကို အာဏာပိုင်များ၏ အနှောင့်အယှက်များ မရှိဘဲ အေးချမ်းစွာအသက်ရှင် နေထိုင်စေလိုခြင်း ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)

ဆုတောင်းပဌာနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွင်း သွေးဆောင်၏။

အခြားသောဘာသာပြန်ဆိုချက်၊ "ယုံကြည်သူအားလုံးကို ဆုတောင်းပဌာနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းအမှုများကို ပြုရန် ငါတိုက်တွန်းသွေးဆောင်၏။" (ရှု ၊ rc://*/ta/man/translate/figs-activepassive)

ရှေ့ဦးစွာ

"အရေးကြီးဆုံးမှာ" သို့မဟုတ် "အရာအားလုံး၏ အရင်"

သွေးဆောင်၏။

"ငါ တောင်းပန်ပါ၏" သို့မဟုတ် "ငါ တိုက်တွန်း၏"

လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော် ရှိ၏။

အခြားသောဘာသာပြန်ဆိုချက်၊ " ဘုရားသခင်သည် လူသားအားလုံးကို ကယ်တင်လိုသည်သာမက သမ္မာတရားကို သိစေလိုသည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သမ္မာတရားကို သိစေခြင်းငှါ

ရှင်ပေါလုသည် ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရား သင်ယူခြင်းကို လူတို့သွားလာနိုင်သော နေရာတစ်ခုနှင့် ခိုင်းနှိုင်းဖော်ပြထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အမှန်တရားကို သိရှိ၍ လက်ခံစေရန်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)