my_tn/1ti/01/18.md

5.7 KiB

ငါ့သား

ရှင်ပေါလုသည် သူနှင့်တိမောသေ၏ ပတ်သက်မှုကို ဖခင်နှင့် သား၏ ပတ်သက်မှုကဲ့သို့ပြောဆိုခြင်း ဖြစ်သည်။ ရှင်ပေါလုသည် တိမောသေကို သူ၏သားကဲ့သို့ မှတ်ယူခြင်းမှာ သခင်ယေရှုအား ယုံကြည်လာစေရန် သူကိုယ်တိုင် သွန်သင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏သားစစ် ကဲ့သို့ဖြစ်သော" (ရှု ၊ rc://*/ta/man/translate/figs-metaphor)

သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို

အခြားသောဘာသာပြန်ဆိုချက်၊ "အခြားသော ယုံကြည်သူများက သင့်နှင့်ပတ်သက်၍ ပြောသောအနာဂတ္တိစကားအရ"

ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို

"အမှားကိုိုခွဲခြား၍ အမှန်ကို ရွေးချယ်တတ်သော စိတ်"။ ဤအရာကို မည်ကဲ့သို့ဘာသာပြန်မည်ကို ၁:၅ တွင်ကြည့်ပါ။

ကောင်းသောစစ်ကို တိုက်စေ ခြင်းငှါ၊

ရှင်ပေါလုက တိမောသေသည် သခင်ဘုရား အတွက်လုပ်ဆောင်ခြင်းကို စစ်တိုက်နေသောစစ်သားတစ်ယောက်နှင့် ခိုင်းနှိုင်းဖော်ပြထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သခင်ဘုရားအတွက် ဆက်လက်၍ ကြိုးစားပါ" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကို

ရှင်ပေါလုသည် ပညတ်တရားကို တိမောသေ၏ ရှေ့ ၌ ထားသောအရာကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဤပညတ်တရားကို သင်၏လက်၌ အပ်ထားခဲ့ပြီ။" သို့မဟုတ် " ဤအရာသည် သင့်ထံ၌ ငါထားခဲ့သော ပညတ်ဖြစ်သည်။" (ရှု ၊ rc://*/ta/man/translate/figs-metaphor)

ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ ယုံကြည်ခြင်းသည် သင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။" (ရှု ၊ rc://*/ta/man/translate/figs-activepassive)

ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။

ရှင်ပေါလုသည် လူတို့၏ယုံကြည်ခြင်းကို ပင်လယ်၌ပျက်စီးတတ်သော သင်္ဘောနှင့် ခိုင်းနှိုင်း ပြော ဆိုထားခြင်းဖြစ်သည်။ သူဆိုလိုသည်မှာ သူတို့၏ ယုံကြည်ခြင်းသည် ပျက်စီး၍ သခင်ယေရှုကို မယုံကြည်တော့ပေ။၏။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဟုမေနဲနှင့်အာလေဇန္ဒြု

ဤအရာများသည် အမျိုးသားများ၏ အမည်များဖြစ်သည်။ (ရှု ၊ rc://*/ta/man/translate/translate-names)

သင်ရမည်အကြောင်း၊

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူတို့ကို သွန်သင်မည် အကြောင်း" (ရှု၊ rc://*/ta/man/translate/figs-activepassive)

စာတန်၏ လက်သို့ငါအပ်လိုက်ခဲ့ပြီ။

ရှင်ပေါလုက ဤသူတို့၏ ကိုယ်ခန္ဓာများကို စာတန်၏ လက်သို့ အပ်လိုက်သကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ ဖြစ်နိုင်ချေရှိသည်မှာ ရှင်ပေါလု သည်ထိုသူများကို ယုံကြည်သူအသိုင်းအဝိုင်းမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ ထိုသူများသည် ယုံကြည်သူ အသိုင်းအဝိုင်း၌ မပါဝင်သောကြောင့် စာတန်သည် သူတို့ကို အန္တရာယ်ပြုနိုင်သော တန်ခိုးရှိလေသည်။ (ရှု ၊ rc://*/ta/man/translate/figs-metaphor)