my_tn/1ti/01/15.md

2.1 KiB

သစ္စာစကားဖြစ်၏။

ဤဖော်ပြချက်သည် မှန်ကန်၏။

အကြွင်းမဲ့ခံယူအပ် သောစကား

"သံသယမရှိဘဲ ကျွန်ုပ်တို့ လက်ခံသင့်သည်။" သို့မဟုတ် "ကျွန်ုပ်တို့အတွက် ယုံကြည်စိတ်ချမှုအပြည့်ဖြင့် လက်ခံအပ်သော"

ငါ့ကိုသနားတော်မူပြီ။

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ငါ့ကိုသနားခြင်းဂရုဏာ ရှိတော်မူပြီ။" သို့မဟုတ် "ဘုရားသခင်ထံမှ ဂရုဏာတော်ကို ငါရရှိပြီ။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊

"အကြီးဆုံးသော အပြစ်သားဖြစ်သော ငါ့အားဖြင့်"

လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ .... အာမင်။

ဤနေရာတွင် ရှင်ပေါလုသည် ဘုရားသခင်ကို ချီးမွမ်းခြင်း ဖြစ်သည်။

လောကဓာတ်တို့၏ ဘုရင်တည်းဟူသော

"ထာဝရ ဘုရင်" သို့မဟုတ် "အစဉ်အဆက် အကြီးဆုံးသော အုပ်စိုးသူ"

ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း။

"သူ၌ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိပါစေသော" သို့မဟုတ် "လူတို့သည် သင့်၏ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အား ချီးမွမ်းပါစေသော။"