my_tn/1ti/01/05.md

4.4 KiB

Now

N/A

ပညတ်ထားခြင်း

ဤနေရာ၌ ဓမ္မဟောင်းကျမ်း သို့မဟုတ် ပညတ်တော် (၁၀) ပါးကို မဆိုလိုဘဲ ရှင်ပေါလု ပေးသောညွှန်ကြားချက်များကို ဆိုလိုသည်။

စင်ကြယ်သော စိတ်နှလုံးနှင့်၎င်း

ဤနေရာတွင် "စင်ကြယ်သော" ဟူသည် အမှားပြုလုပ်ရန် စိတ်ဆန္ဒပင်မရှိခြင်းကိုဆိုလိုသည်။ ဤနေရာတွင် စိတ်နှလုံးသည် လူတစ်ဦး၏စိတ်ကူးနှင့် အကြံအစည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရိုးသားသော စိတ်နှလုံးနှင့်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းနှင့်၎င်း

"အမှားခွဲခြား၍ အမှန်ကို ရွေးချယ်သောတတ်သောစိတ်"

မှန်သောယုံကြည်ခြင်းနှင့်၎င်း

"စစ်မှန်သော ယုံကြည်ခြင်း" သို့မဟုတ် "ဟန်ဆောင်လှည့်ဖြားခြင်းကင်းသော ယုံကြည်ခြင်း"

ချစ်ခြင်းမေတ္တာဖြစ်သတည်း။

ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ ၁။ "ဘုရားသခင်ကို ချစ်ရန် ဖြစ်သည်။" သို့မဟုတ် ၂။ " လူကို ချစ်ရန် ဖြစ်သည်။"

လူအချို့တို့သည် ......အမြဲမကျင့်၊

ရှင်ပေါလုက ချိန်ရွယ်ရမည့် ပစ်မှတ်နှင့် ခရစ်တော်၌ ယုံကြည်ခြင်းကို ခိုင်းနှိုင်းဖော်ပြထားသည်။ ရှင်ပေါလုဆိုလိုသည့် အဓိပ္ပာယ်မှာ လူအချို့သည် ၁:၁၅ ၌ သူရှင်းပြသည့်အတိုင်း ချစ်ခြင်းမေတ္တာမရှိဘဲ သူတို့၏ယုံကြည်ခြင်း အဓိပ္ပာယ်ကို လွဲစေသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

လူအချို့တို့သည် ........လွှဲသွားကြပြီ

ဤနေရာတွင် "လွှဲသွားကြပြီ "ဆိုသောအရာသည် သူတို့သည် ဘုရားသခင် ပညတ်တော်မူသော အရာကိုလုပ်ဆောင်ခြင်းမရှိ ဟု ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

အဘယ်သို့သောတရားဘက်၌ မိမိတို့ခိုင်မာစွာ နေသည်ကို

"သူတို့သည် မှန်ကန်သည်ဟုခိုင်မာစွာ ပြောဆိုသည့်အရာ"

မသိဘဲလျက်

"သူတို့သည် နားမလည်သော်လည်း" သို့မဟုတ် "သူတို့သည် နားမလည်သေးဘဲလျက်"

နိဿရည်းဆရာ

ဤနေရာ တွင် "နိဿရည်းဆရာ" ဟူသည် မောရှေ၏ ပညတ်ကိုသွန်သင်သော ကျမ်းပြုဆရာ ကိုရည်ညွှန်းခြင်းဖြစ်သည်။

we know that the law is good

N/A

ပညတ်တရားကို တရားသဖြင့် ကျင့်သောသူ

"ငါတို့သည် ကောင်းမွန်စွာ ကျင့်သုံးပါက" သို့မဟုတ် "ငါတို့သည် ဘုရားသခင် ပညတ်ထားသည့်အတိုင်း လိုက်လျှောက်ပါက"