my_tn/1ti/01/01.md

3.7 KiB

ယေဘုယျ အချက်အလက်

ဤစာစောင်တွင် အများအားဖြင့်၊ "ကျွန်ုပ်တို့" ဟူသော စကားလုံးသည် ရှင်ပေါလု နှင့် တိမောသေ (ဤစာကိုလက်ခံရရှိသူ) နှင့် ယုံကြည်သူအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ (ရှု ၊ rc://*/ta/man/translate/figs-inclusive)

ပေါလု

ငါ ပေါလုသည် ဤစာကိုရေးသည်။ သင်တို့၏ ဘာသာစကား၌ စာရေးသူကို မိတ်ဆက်သော နည်းလမ်း တစ်စုံတစ်ခုရှိပေမည်။ စာကို လက်ခံသူကိုလည်း ဤစာပိုဒ်၌ဖော်ပြသကဲ့သို့ ဖော်ပြနိုင်သည်။

ပညတ်တော်အားဖြင့်၊

"ပညတ်တော်အားဖြင့်" သို့မဟုတ် " အခွင့်အာဏာအားဖြင့်"

ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့်၊

"ငါတို့ကို ကယ်တင်တော်မူသော ဘုရားသခင်"

ငါတို့မြော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှုခရစ်

ဤနေရာ၌ "ငါတို့ မြော်လင့်ခြင်းအကြောင်း" သည် "ငါ့တို့ယုံကြည်ရသောသူ"ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့၏ စိတ်ချယုံကြည်ရသော သခင်ယေရှုခရစ်တော်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ယုံကြည်ခြင်းအားဖြင့် ငါသားစစ်ဖြစ်သော

ရှင်ပေါလုက တိမောသေနှင့် ရင်းနှီးဆက်နွယ်မှုကို ဖခင်နှင့်သား ဆက်နွယ်မှုကဲ့သို့ဖော်ပြထားသည်။ ရှင်ပေါလုသည် တိမောသေကို သားကဲ့သို့ သတ်မှတ်ခြင်းမှာ သူသည် တိမောသေအား သခင်ယေရှုကို ယုံကြည် လာအောင် သွန်သင်ခဲ့သောကြောင့် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်း

"ကျေးဇူး၊ ကရုဏာနှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။" သို့မဟုတ် "သင်တို့သည် ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းကို ခံစားရပါစေသော။"

ငါတို့အဘတည်းဟူသော

ငါတို့ အဘတည်းဟူသော ဘုရားသခင်။ ဤနေရာတွင် "အဘ" သည် ဘုရားသခင်၏ အရေးကြီးသော အမည်နာမဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

ငါတို့သခင် ယေရှုခရစ်

"ငါတို့ သခင်ဖြစ်သော ယေရှုခရစ်တော်"