my_tn/1th/05/08.md

4.9 KiB

ယေဘုယျအချက်အလက်

အပိုဒ်ငယ် ၈-၁၀ တွင် "ငါတို့" ဟူသောစကားလုံးသည် ယုံကြည်သူအားလုံးကို ရည်ညွှန်းသည်။ (ရှု ၊ rc://*/ta/man/translate/figs-inclusive)

နေ့၏သားဖြစ်သော ငါတို့မူကား၊

ရှင်ပေါလုက ဘုရားသခင်နှင့်ပတ်သက်သော သမ္မာတရား ကိုသိခြင်းကို နေ့အချိန်၌ နေခြင်းကဲ့သို့ ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့သည် သမ္မာတရားကို သိသည်" သို့မဟုတ် " ငါတို့သည် သမ္မာတရား၏ အလင်းကို ရရှိကြသည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။

ရှင်ပေါလုသည် ကို မိမိကိုယ်ကို ချုပ်တည်းနိုင်ခြင်းကို တည်ကြည်စွာနေခြင်းနှင့် နှိုင်းယှဉ်ထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ " ငါတို့သည် မိမိကိုယ်ကို ချုပ်တည်းနိုင်ခြင်းကို ကျင့်ကြံပြုမူကြကုန်အံ့" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊

စစ်သားသည်မိမိကိုယ်ခန္ဓာကို ကာကွယ်ရန် ရင်အုပ်ကာချပ်အင်္ကျီကို ဝတ်သကဲ့သို့ ယုံကြည်ခြင်း၊ ချစ်ခြင်း ဖြင့်အသက်ရှင်သော ခရစ်ယာန်တစ်ယောက်သည် ကာကွယ်မှုကို ရရှိမည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ ကိုယ်ကို ယုံကြည်ခြင်း၊ ချစ်ခြင်းဖြင့် ကာကွယ်ပါ၊" သို့မဟုတ် " ခရစ်တော်ကို ယုံကြည်ခြင်း ၊ ချစ်ခြင်းအားဖြင့်မိမိကိုယ်ကို ကာကွယ်ပါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊

ခမောက်သည် စစ်သား၏ဉီးခေါင်းကို ကာကွယ်သကဲ့သို့ ကယ်တင်ခြင်း စိတ်ချမှုသည် ယုံကြည်သူတစ်ယောက်ကို ကာကွယ်ပေးသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခရစ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်မည်ဟူသော သေချာမှုဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ပါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊

ဤအရာများသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ယဉ် ကျေးစွာပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန် ဆိုချက်၊ "ကျွန်ုပ်တို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ" (ရှု ၊ rc://*/ta/man/translate/figs-euphemism)

တယောက်ကိုတယောက် တည်ဆောက်ကြလော့။

ဤနေရာတွင်" တည်ဆောက်ပါ" ဆိုသည်မှာ "တိုက်တွန်းအားပေးခြင်း" ကို ဆိုလိုသည်။ အခြားသောဘာသာပြန် ဆိုချက်၊ "တစ်ယောက်နှင့် တစ်ယောက်တိုက်တွန်းအားပေးကြပါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)