my_tn/1th/05/04.md

5.5 KiB

ညီအစ်ကိုတို့၊

ဤနေရာတွင် "ညီအစ်ကိုတို့" သည် ယုံကြည်သူခရစ်ယာန် အချင်းချင်းကို ဆိုလိုသည်။

ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည် အကြောင်း၊

သခင်ယေရှု ကြွလာမည့်နေ့ရက်သည် ယုံကြည်သူများအတွက် အံ့ဩစရာ မဖြစ်သင့်ပေ။ (ရှု ၊ rc://*/ta/man/translate/figs-simile)

မှောင်မိုက်၌ နေကြသည်မဟုတ်။

ရှင်ပေါလုက "ဆိုးညစ်ခြင်း" နှင့် "ဘုရားသခင်အား မထီ မဲ့မြင်ပြုခြင်း" ကို သူတို့သည် အမှောင်ထဲတွင်ရှိသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် အမှောင်ထဲတွင်ရှိသော သူများကဲ့သို့၊ မသိဘဲနေသည် မဟုတ်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။

ရှင်ပေါလုက သမ္မာတရားကို"အလင်း" နှင့် "နေ့အချိန်"ကဲ့သို့ ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် နေ့အချိန်၌ရှိသော သူများကဲ့သို့၊ အလင်း၌ရှိသော သူများကဲ့သို့ သမ္မာတရားကို သိသောသူများဖြစ်ကြသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ညဉ့်၏သား ၊ မှောင်မိုက်၏သားမဟုတ်

ရှင်ပေါလုက "ဆိုးညစ်ခြင်း" နှင့် "ဘုရားသခင်အားမထီ မဲ့မြင်ပြုခြင်း" ကို သူတို့သည် အမှောင်ထဲတွင်ရှိသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် အမှောင်ထဲတွင်ရှိသော သူများကဲ့သို့၊ မသိဘဲနေသည် မဟုတ်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ

ရှင်ပေါလုသည် ဝိဉာဉ်ရေးရာ သတိမမူခြင်းကို အိပ်ပျော်ခြင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန် ဆိုချက်၊ "သခင်ယေရှု ပြန်လာခြင်းကိုမသိသောအခြားသူများကဲ့သို့ ငါတို့သည်မတူကြဘဲ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါတို့သည်

"ကျွန်ုပ်တို့ကို" သည် ယုံကြည်သူများကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-inclusive)

သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့

ရှင်ပေါလုက ဝိဉာဉ်ရေးရာ သတိရှိခြင်းကို "အိပ်ပျော်ခြင်း နှင့် မူးယစ်သောက်စားခြင်း" ၏ ဆန့်ကျင်ဘက်အဖြစ်ပြောဆိုခြင်း ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။

အိပ်ပျော်သောသူတို့သည် မည်သည့်အရာဖြစ်ပေါ်သည်ကို မသိသကဲ့သို့ ဤကမ္ဘာရှိ လူများသည် ခရစ်တော်ပြန်လာမည်ကို မသိ ကြပေ။ (ရှု ၊ rc://*/ta/man/translate/figs-metaphor)

သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။

ရှင်ပေါလုက မူးယစ်သောသူတို့သည် ညအခါ မူးယစ်သကဲ့သို့ လူတို့သည် ခရစ်တော်ပြန်လာမည်ကို မသိသောအခါ မိမိကိုယ်ကို ချုပ်တည်းနိုင်သော အသက်တာနှင့်အသက်မရှင်ကြပေ။ (ရှု၊ rc://*/ta/man/translate/figs-metaphor)