my_tn/1th/03/08.md

3.7 KiB

သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊

"တည်ကြည်ခြင်း"သည် ဆက်လက်၍သစ္စာရှိခြင်းကို ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် သခင်ဘုရား၌ ဆက်လက်ယုံကြည်ကိုးစားလျှင်" (ရှု၊ rc://*/ta/man/translate/figs-idiom)

ငါတို့သည် အသက်ရှင်ကြ၏။

ဤအရာသည် အသက်ရှင်ခြင်းကို ကျေနပ်စရာကောင်းသော ဘဝအဖြစ် ပြောထားသော ဥပစာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့သည် အလွန်စိတ်သက်သာရာ ရသည်။" (ရှု၊ rc://*/ta/man/translate/figs-idiom)

ငါတို့၏ ဘုရားသခင်ရှေ့၌ သင်တို့၏အကြောင်းကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအပေါင်းကို ထောက်၍၊ သင်တို့အကြောင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း။

ဤထိရောက်သော မေးခွန်းကို အဆိုတစ်ခုအနေနှင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့သည် သင်တို့အတွက် ဘုရားသခင်ပြုသော အမှုကိုကျေးဇူးတော် ချီးမွမ်းရန် မလုံလောက်နိုင်ပေ။ ငါတို့သည် ဘုရားသခင်ကို ချီးမွမ်းသောအခါ သင်တို့အတွက် အလွန်ဝမ်းမြောက်ရသည်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါတို့၏ ဘုရားသခင်ရှေ့၌

ရှင်ပေါလုက သူနှင့်သူ၏အပေါင်းအဖော်များသည် ဘုရားသခင်၏ ရှေ့၌ ရှိနေသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ သူသည် ဆုတောင်းနေသည့် အနေအထားကို ပြောဆိုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်တို့မျက်နှာကိုမြင်၍၊

"မျက်နှာ"သည် သူတို့၏ တစ်ကိုယ်လုံးကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ ထံသို့ လာလည်မည်။" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

နေ့ညဉ့်မပြတ်

ဤနေရာတွင် ရှင်ပေါလုသည် ကြိမ်ဖန်များစွာဆုတောင်းခြင်းကို အကျယ်ချဲ့၍ ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မကြာခဏ" (ရှု၊ rc://*/ta/man/translate/figs-hyperbole)

အလွန်တရာ

"ထက်သန် ပြင်းပြစွာ"