my_tn/1th/03/06.md

3.3 KiB

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုသည် သူ၏စာဖတ်သူများအား တိမောသေမှ သူတို့အားသွားရောက်ကြည့်ရှု ပြီးနောက် ပြန်လည်တင်ပြသောအရာများကို ဖော်ပြခြင်းဖြစ်သည်။

သင်တို့ထံက ပြန်လာ၍၊...ငါတို့သည်

"ငါတို့သည်" ဟူသော စကားလုံးသည် ရှင်ပေါလုနှင့် သိလွာနုကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-exclusive)

သင်တို့၏ ယုံကြည်ခြင်း

၎င်းသည် ခရစ်တော်၌ ယုံကြည်ခြင်းကို ရည်ညွှန်းသည် ဟုနားလည်ရသည်။ ဤအရာကို ရှင်းလင်းစွာဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့၏ ယုံကြည်ခြင်းနှင့်ပတ်သက်သော ကောင်းသောသိတင်း" (ရှု ၊ rc://*/ta/man/translate/figs-explicit)

သင်တို့သည် ငါတို့ကို လွမ်း၍၊

"သင်တို့သည် ငါတို့အား တွေ့မြင်လိုသည်။"

အစဉ်မပြတ် ကောင်းမွန် စွာ အောက်မေ့ကြသည်ဟူ၍၎င်း၊

သူတို့သည် ရှင်ပေါလုအကြောင်းကို တွေးသောအခါ သူ၏ ကောင်းကြောင်းကို သတိရ နေမည်ဖြစ်သည်။

ညီအစ်ကိုတို့ ၊

ဤနေရာတွင် "ညီအစ်ကို" တို့သည် "ယုံကြည်သူခရစ်ယာန်များကို ဆိုလိုသည်။

ငါတို့သည် အရာရာ၌ဆင်းရဲ၍ ခက်ခဲစွာခံရသည်တွင်၊

"ခက်ခဲစွာခံရသည်" ဟူသောစကားလုံးသည် "ဆင်းရဲခံရသည်" ဟူသော အရာပင်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ငါတို့သည် အရာရာ၌ ခက်ခဲစွာ ခံရသောကြောင့် ဆင်းရဲမှုကိုဖြစ်စေသည်" (ရှု ၊ rc://*/ta/man/translate/figs-doublet)

သင်တို့၏ ယုံကြည်ခြင်းအားဖြင့်

ဤအရာသည် ခရစ်တော်၌ ယုံကြည်ခြင်းကို ဆိုလိုသည်။ဤအရာကို ရှင်းလင်းစွာဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့၏ ခရစ်တော်ကို ယုံကြည်ခြင်းကြောင့်" (ရှု၊ rc://*/ta/man/translate/figs-explicit)