my_tn/1sa/25/41.md

2.6 KiB

ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက်

အဘိဂဲလသည် ပြပ်ဝပ်ခြင်းအားဖြင့် တုန့်ပြန်သည်။ စာဖတ်သူအနေဖြင့် သိထားရမည်မှာ သူမသည် လုလင်များနှင့် စကားပြောသည့်အချိန်တွင် မတ်တပ်ရပ်နေခြင်း ဖြစ်သည် (ရှု၊ ၂၅:၃၉)၊ "ထ" ဟူသည့်စကားလုံးသည် ပြပ်ဝပ်ရန် အသင့်ပြင်နေခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကျွန်မသည် ကျွန်မသခင်၏ ကျွန်တို့ ခြေကို ဆေးသော ကျွန်မိန်းမဖြစ်စေသော

အဘိဂဲလသည် ဒါဝိဒ်နှင့် ပြောဆိုရာတွင် သူစိမ်းတစ်ဦးအလား ဆက်ဆံ၍ နှိမ့်ချစွာ စကားပြောသည်။ ဒါဝိဒ်၏ ကြင်ယာတော်ဖြစ်ချင်သည့် လက္ခဏာကိုလည်း ပြသခဲ့သည်။ ပြန်ဆိုချက်မှာ၊ "ကြည့်ရှုမူပါ၊ ကိုယ်တော့်ကို ကျွန်မ ပြုစုပါမည်၊ ကိုယ်တော်၏ ကျွန်များကိုလည်း လုပ်ကျွေး၍ ကိုယ်တော့် ခြေတော်ကို ဆေးပါမည်" (ရှု၊ rc://*/ta/man/translate/figs-pronouns)

အလျင်အမြန်ထ၍ ... မြည်းစီး

ဒါဝိဒ်ထံသို့ အလာတွင်လည်း အဘိဂဲလသည် အလျင်အမြန် ပြင်ဆင်နေသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ခရီးသွားရန်အတွက် သူများသည် အလျင်အမြန် ပြင်ဆင်နေပြီး မြည်းစီးလာသည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

နောက်လိုက် ကျွန်မငါးယောက်... လိုက်၍

အဘိဂဲလသည် မြည်းစီးလာပြီး၊ အခြံအရံများသည် လမ်းလျှောက်၍ လာကြသည်။