4.0 KiB
ကိုယ်တော်၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း?
အခြားသောဘာသာပြန်ဆိုချက်မှာ၊"အရှင့်အိမ်တော်၌ ဒါဝိဒ်အပြင် အခြားတစ်ယောက်မှ သစ္စာမရှိကြပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)
စေခိုင်းတော်မူသောသူ
"အခြံအရံ" သို့မဟုတ် "အထိန်းတော်"
နန်းတော်၌ အသရေရှိသောသူ
"အိမ်တော်" ဟုလည်းသုံးပြီး မျိုးရိုးအစဉ်အဆက်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "သင့်မိသားစုအတွက် အသရေရှိသူ" (ရှု၊ [[rc:///ta/man/translate/figs-metonymy]] နှင့် [[rc:///ta/man/translate/figs-activepassive]])
ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော?
အဟိမလက်သည် ရှောလုဘုရင် မေးမြန်းမည့်မေးခွန်းကို ကြို၍မေးမြန်းခြင်းဖြစ်သည်။ ထို့နောက် ပြန်၍ ဖြေကြားသည်မှာ၊ "ဘုရားသခင်သည် ဒါဝိဒ်ကို စောင်မဖို့ ရန်ဆုတောင်းပေးသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)
ထိုအမှု ဝေးပါစေသော
ဤစကားစုသည် "အပြတ်အသတ် ငြင်းဆိုခြင်း" ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom
ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစုံတယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်
အဟိမလက်သည် တတိယ လူစကားပြောသောလေသံဖြင့် ပြောဆိုခြင်းဖြစ်သည်။ "ကိုယ်တော်၏ ကျွန်"၊ ရှောလုကိုလည်း "ရှင်ဘုရင်" ဟုဆိုထားသည်၊ ဂုဏ်တင် ပြောဆိုခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "အရှင်မင်းကြီးခင်ဗျာ၊ ကျွန်တော်မျိုးကို မဟုတ်မမှန် စွပ်စွဲတော်မမူပါနှင့်။ အကျွန်ုပ် ဘာတစ်ခုမှ မသိပါ အရှင်ဘုရား" (ရှု၊ rc://*/ta/man/translate/figs-123person)
အပြစ်တင်
အပြစ်ရှိသည်ဟု စွပ်စွဲချက်
ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး
"အိမ်" ဟူ၍ အခြားသောဘာသာပြန်ကျမ်းများတွင် ပါရှိသည့် မိသားစု၊ အမျိုးအနွယ်ကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ကျွန်တော့် အဖ၏ အမျိုးအနွယ်ဝင်များ။" (ရှု၊ rc://*/ta/man/translate/figs-metonymy)