my_tn/1sa/17/28.md

3.8 KiB

အစ်ကိုအကြီး ဧလျာဘကြားလျှင် ဒါဝိဒ်ကို အမျက်ထွက်၍၊

ဤတွင်ဒေါသကို မီးကဲ့သို့နှိုင်းလျှင် ‌ဒေါသမီးတောက်စေခြင်းကိုပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဧလျာဘသည် ဒါဝိဒ်ကို အမျက်ထွက်သည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်သည် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း။

ဧလျာဘသည် ဒါဝိဒ်လာသည်ကို ဒေါသထွက်၍ ဤမေးခွန်းကို မေးခြင်းဖြစ်သည်။ဒါဝိဒ်လာခြင်းအတွက်အကြောင်းပြချက်ကောင်းမရှိသည်ကို သူသေချာသလောက်ပြောနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၌ ဤနေရာကိုလာရန် ကောင်းသောအကြောင်းပြချက်မရှိပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ထိုနည်းသော သိုးတို့ကို တောတွင် အဘယ်သူလက်၌ အပ်ခဲ့သနည်း

ဧလျာဘက ဒါဝိဒ် သည် ဖခင်၏သိုးတို့ကို မစောင့်ခြင်း၊အရေးမကြီးလုပ်နေခြင်းဖြင့် သူ့ကို ဆူပူပြစ်တင်ရန်ဤမေးခွန်းကို မေးလိုက်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တော၌ သိုးတို့ကိုစောင့်ထိန်းရန် အလွယ်တကူတာဝန်ယူနိုင်သည်။ ရိုးရှင်းသော တာဝန်မဟုတ်သဖြင့် သင် မထမ်းဆောင်နိုင်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင့်မာနကြီးခြင်း၊ သင့်စိတ်နှလုံးဆိုးညစ်ခြင်း

ဤစာပိုဒ်နှစ်ခုအဓိပ္ပါယ်မှာ အခြေခံအားဖြင့် တူညီ၍ အထူးပြုရန်အတွက် တွဲသုံးထားသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

အကျွန်ုပ်သည် အဘယ်အမှုကို ပြုမိသနည်း။ ယခုပြောစရာ အကြောင်းမရှိလော

ဒါဝိဒ်သည် သူ၏ အလိုမကျခြင်းနှင့် ကိုယ်တိုင်မျှတကြောင်းပြဖော်ထုတ်ရန် ဤမေးခွန်းများကို အသုံးပြုခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ် မည်သည့်အမှားကိုမျှ မလုပ်ပါ၊ ကျွန်ုပ် မေးခွန်းတစ်ခုကိုသာမေးခဲ့ခြင်းဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အခြားသောသူတို့ထံသို့ လှည့်၍

ဒါဝိဒ်သည် ဧချာဘထံမှအခြားသော သူတို့ထံသို့ လှည့်သည်ကို ဆိုလိုပါသညါ။