my_tn/1sa/09/20.md

2.6 KiB

ဣသရေလလူတို့သည် အဘယ်သူကိုအလိုရှိသနည်း။ သင်နှင့် သင်၏အဆွေအမျိုးအပေါင်းကို အလိုရှိသည် မဟုတ်လော။

ဤမေးခွန်းများက ဣသရေလများ စောင့်မျှော်နေကြသည့်ရှင်ဘုရင်ကို ထာဝရဘုရားက ရွေးကောက်သောသူမှာ ရှောလုဖြစ်သည်ကို ဖော်ပြသည်။ မေးခွန်းကို အဆိုဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဣသရေလတို့၏ ဆန္ဒမှာ သင်ဖြစ်ကြောင်း သင်သိသင့်သည်။ သူတို့သည် သင်နှင့် သင့်အဖေမိသားစုကိုသာ မျှော်လင့်ကြသည်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် ဗင်္ယာမိန်အမျိုးသားမဟုတ်သလော။ ငါ့အဆွေအမျိုးသည် ဗင်္ယာမိန်အမျိုးမဟုတ်သလော။ အဘယ့်ကြောင် ဤသို့ငါ့အားဆိုကြသနည်း။

ဗင်္ယာမိန်အမျိုးသည် ဣသရေလအမျိုးထဲမှ အရေးမပါသူအဖြစ် တခြားဣသရေလတို့ထင်သည့်အတွက် ရှောလုက မေးခြင်းဖြစ်သည်။ မေးခွန်းကို အဆိုဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဗင်္ယာမိန်အမျိုး၊ အရေးမကြီးဆုံးသောအနွယ်မှဖြစ်သည်။ ငါတို့အမျိုး၌ ငါ့အမျိုးသည် အငယ်ဆုံးသောအမျိုးဖြစ်သည်။ အဘယ့်ကြောင့် ဣသရေလလူတို့က ငါနှင့်ငါ့မိသားစုအား အရေးကြီးသည့်အရာကို လုပ်စေချင်ကြသနည်း။" (ရှု၊ rc://*/ta/man/translate/figs-rquestion)