my_tn/1sa/08/06.md

1.6 KiB

ရှမွေလသည် မနှစ်သက်သောကြောင့် .....အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါ

လူတို့က ရှမွေလ၏ သားများကို ဖယ်ရှားပြီး တရားသည့်တရားသူကြီးများကို ခန့်ပေးရန်ကို မလိုချင်ကြသည် သာမက တခြားနိုင်ငံများနည်းတူ သူတို့ကို အုပ်ချုပ်မည့်ရှင်ဘုရင်ကိုပေးရန် လိုချင်ကြသည့်အတွက် ရှမွေလ စိတ်မကောင်းပေ။

လူများတို့ ပြောဆိုသမျှသော စကားကို နားထောင်လော့။

"စကား" သည် လူတို့၏ ဆန္ဒအတွက်ရပ်တည်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့ပြောသည့်အတိုင်းလုပ်ပါ။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ငါ့ကိုလည်းပယ်ကြပြီ။

လူတို့သည် အကျင့်ပျက်သည့် တရားသူကြီးများကို ငြင်းဆိုကြသည်သာမက၊ ထာဝရဘုရားကို သူတို့၏ဘုရားအဖြစ်လည်း ငြင်းဆိုနေကြသည်။