my_tn/1sa/06/19.md

3.9 KiB

ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်

သေတ္တာတော်သည် အလွန်သန့်ရှင်းသည်။ မည်သူတစ်ဦးမျှအခွင့်မရဘဲအထဲသို့ကြည့်ရန် မရပေ။ ခွင့်ပြုခြင်းခံရသော ယဇ်ပုရောဟိတ်များသာလျှင် ကြည့်ရသည်။

လူခုနစ်ဆယ်နှင့်လူငါးသောင်း (၅၀,၀၇၀)

လူငါးသောင်းနှင့် ခုနှစ်ဆယ် (ရှု၊ rc://*/ta/man/translate/translate-numbers)

သန့်ရှင်းတော်မူသော ဤဘုရား သခင် ထာဝရဘုရားရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်သနည်း။

ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ (၁) ဤစကားမှာ ထာဝရဘုရားကို လူတို့၏ ကြောက်ရွံ့ခြင်းကို ဖော်ပြလို၍ မေးခွန်းဖြင့် ဆွဲဆောင်သုံးနှုန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘယ်သူတစ်ဦးမျှ ထာဝရဘုရားကို မခုခံနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် သူသည်အလွန်သန့်ရှင်းသည်" သို့မဟုတ် (၂) အချက်အလက်အကြောင်းရာအတွက် မေးခွန်းတစ်ခုဖြစ်သည်၊ "ထာဝရဘုရားရှေ့တော်၌ ရပ်နေ" ဟူသည်မှာ ထာဝရဘုရားအမှုကို ထမ်းရွက်သော ယဇ်ပုရောဟိတ်များကို ရည်ညွှန်းသည်။ သေတ္တာတော်ကို ကိုင်တွယ်ရန် အခွင့်ရထားသော ယဇ်ပုရောဟိတ်တစ်ဦးအတွက် သွယ် ဝိုက်ညွှန်းဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပုရောဟိတ်များကြားတွင် ဤသန့်ရှင်းသောဘုရားအမှုဆောင်ရန်နှင့် သေတ္တာတော်ကို ကိုင်တွယ်ရန် သင့်တော်သူ မည်သူတစ်ဦးရှိသနည်း။" (ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-explicit]])

ငါတို့အရပ်က၊ အဘယ်သူရှိရာသို့ ကြွသွားတော်မူမည်နည်း

အကျိုုးအကြောင်းအတွက် မေးခွန်းတစ်ခုဖြစ်သည်။ လူတို့ထာဝရဘုရားကို အလိုရှိပြီး သူတို့ကိုထပ်၍ အပြစ်မပေးနိုင်ရန် သေတ္တာတော်ကို တစ်နေရာရာသို့ ထွက်သွားစေရန် သွယ်ဝိုက်ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ ဤသေတ္တာတော်ကို အခြားနေရာသို့ ပို့နိုင်ပါက ဘုရားသခင်နောက်ထပ် ကျွန်ုပ်တို့ကို အပြစ်မပေးနိုင်မည်လား။" (ရှု၊ rc://*/ta/man/translate/figs-explicit)