my_tn/1sa/02/29.md

3.3 KiB

ဆက်စပ်မှု ဖော်ပြချက်

ဘုရားသခင်၏ လူသည် ဧလိကို ဆက်ပြောနေခြင်း

ငါ့အိမ်၌ ... ငါ့ပူဇော်သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း။

ဤမေးခွန်းသည် ပြစ်တင်ကြိမ်းမောင်း၍ ပြောခြင်းဖြစ် သည်။ ထိုစကားကို ဤသို့ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ ငါ၏ပူဇော်သက္ကာကို ငါ့အိမ်၌ မထီလေးစားမပြုလုပ်သင့်ပေ"။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါ့အိမ်၌

ငါ၏လူများ ငါ့ထံယူဆောင်လာသော ပူဇော်သက္ကာများထားသည့်နေရာ

ပူဇော်သက္ကာရှိသမျှတို့တွင်၊ အမြတ်ဆုံးသော အရာကို ဝစွာစား စေ၍၊

အကောင်းဆုံးသောအရာများကို ထာဝရဘုရားထံမီးရှို့ပူဇော်ကြသည်၊ သို့သော် ထိုအရာကို ယဇ်ပုရောဟိတ်များ စားကြသည်။

သင့်အဘ၏အမျိုး

" အိမ်" စာလုံးသည် မြန်မာကျမ်းစာတွင် မပါသော်လည်း ဖခင်၏အမျိုးဟု သုံးထားပါသည်။ ( ၂:၂၇) တွင် ပြန်ဆိုခြင်းကိုတွေ့ရမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ ဆွေစဉ်မျိုးဆက် မိသားစု" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်

ဤစကားသည် "ငါ့ကိုနာခံလိုက်လျှောက်ကာနေမည်" ဟုအဓိပ္ပါယ်ဖြစ်သည်။ ( ရှု၊ rc://*/ta/man/translate/figs-idiom)

ငါနှင့်ဝေးပါစေ။

သင်တို့၏မိသားစုသည် ငါ့ကိုတသက်လုံးအစေခံရန် ငါကျိန်းသေခွင့်မပြုနိုင်ပါ။

ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်သရေ ပျက်ကြလိမ့်မည်။

" ဂုဏ်သရေပျက်" စကားလုံးသည် "အလွန်စက်ဆုပ်၊အထင်သေးသည်"စကားကို ယဉ်ကျေးစွာပြောခြင်းဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကိုမထီလေးစားပြုသူတို့ကို ငါသည် အလွန်စက်ဆုပ်လိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)