my_tn/1pe/05/12.md

4.4 KiB

ငါသည် သင်တို့ကို သူ့အားဖြင့် အကျဉ် ချုံး၍ ရေးပေး လိုက် သည်။

ရှင်ပေတရုသည် သူ၏အမှုကိစ္စ၌ သစ္စာရှိသော သိလွာနုလက်ဖြင့် ‌ရေးသားချက် ပေးလိုက်၏၊၊

ရေးသားသမျှသောစာသည် ဘုရားသခင်၏ ကျေးဇူးတော် ဧကန် စင်စစ် ဖြစ်သည်၊၊

ဘုရားသခင်၏ ကျေးဇူးတော် အကြောင်းကို ရေးသားထားပါသည်၊၊ "ကျေးဇူးတော်" ဟူ‌သော စကားလုံးသည် ယုံကြည်သူများအတွက် ဘုရားသခင်လုပ်ဆောင်ခဲ့ပြီးသောအရာများကို ဟောပြောခြင်းဖြစ်သည့်၊ သိတင်းကောင်းကို ရည်ညွန်းထားပါသည်၊၊ ( ရှု၊ rc://*/ta/man/translate/figs-metonymy)

ရပ်တည်ပါ။

"ထိုအရာ၌" ဟူသည်မှာ ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ကို ရည်ညွန်းထားပါသည်၊၊ ကျေးဇူးတော် ၌ ရဲဝံ့ စွာ အပ်နှင်းခြင်းဆိုသည်မှာ ပြောင်းလဲခြင်းမရှိပဲ တစ်နေရာတည်းတွင် ခိုင်ခံ့စွာ ရပ်တည်ခြင်းကို ဖော်ပြပေးသည်၊၊ အခြားသောဘာသာပြန်ဆိုချက်မှာ "ခိုင်မြဲစွာ ရပ်တည်ခြင်းကို ပြုပါ" ဟူ၍ဖြစ်သည်။ ( ရှု၊ rc://*/ta/man/translate/figs-metaphor)

ဗာဗုလုန် အမျိုးသမီး၊

"အမျိုးသမီး" ဟူသည်မှာ ဗာဗုလုန်တွင် နေထိုင်သော ယုံကြည်သူများကို ဖော်ပြထားခြင်းဖြစ်သည်။ ဗာဗုလုန်အတွက် ဖြစ်နိုင်ချေ ရှိသော အဓိပ္ပာယ်များမှာ ၁) ၎င်းသည် ရောမမြို့တော်၏ အမှတ် အသား တစ်ခု ဖြစ်သည်၊၊ ၂ ) ၎င်းသည်ခရစ်ယာန်များ ဒုက္ခဆင်းရဲ့တွေ့ကြုံ ရသော နေရာတိုင်းအတွက် အမှတ်အသားတစ်ခု ဖြစ် သည်၊၊ ၃ ) ဗာဗုလုန် မြို့စင်စစ်ကို ရည်ညွန်းထားသည်။ အများသောအားဖြင့် ရောမမြို့ကို ရည်ညွန်းသည်၊၊ ( ရှု ၊ rc://*/ta/man/translate/writing-symlanguage)

သင်တို့နှင့်အတူ ရွေးကောက်သောသူ၊

"သင်ကဲ့သို့ဘုရားသခင် ‌ရွေးကောက်သောသူ" ဟုဆိုလိုခြင်းဖြစ်သည်၊၊ (ရှု၊ rc://*/ta/man/translate/figs-activepassive)

ငါ့သား၊

ရှင်ပေတရုသည် မာကုအား သူ၏ဝိဉာဉ်‌ရေးရာနှင့်ဆိုင်သော သား ဟူ၍ ဖော်ပြထားပါသည်၊၊ အခြားသောဘာသာပြန်ဆိုချက်မှာ - "ငါ၏ ၀ိညာဥ်သား" (သို့ ) "ငါ့၏ သားကဲ့သို့ ဖြစ်သည်" ဟုဆိုလိုခြင်းဖြစ်သည်၊၊ ( ရှု ၊ rc://*/ta/man/translate/figs-metaphor)

မေတ္တာနမ်းခြင်း

"မေတ္တာပါသော နမ်းခြင်" သို့မဟုတ် "သင်တို့ အချင်းချင်းချစ်ခြင်း မေတ္တာကိုပြသသောနမ်းခြင်း" ၊၊ (ရှု ၊ rc://*/ta/man/translate/figs-abstractnouns)