my_tn/1pe/05/05.md

3.9 KiB

ယေဘုယျအချက်အလက်၊

ရှင်ပေတရုက အသက်ပျိုသောသူများကို အရင်သွန်သင်ပြီးနောက်အခြားသောယုံကြည်သောသူတို့အား ဆက်လက်သွန်သင်ပေးခြင်းဖြစ်ပါသည်။

ထိုနည်းလမ်းအတိုင်း၊

ဤအရာသည် သိုးထိန်းကြီးဖြစ်သောသခင်ယေရှုထံ၌ အသက်ကြီးသူများက အသက်တာဆက်ကပ်ခြင်းရှိရန် ပြန်လည်ရည်ညွန်းထားသော အရာဖြစ်သည်။

သင်တို့အားလုံး၊

ဤအရာသည် အသက်ပျိုသောသူများ သာမက ယုံကြည်သူများအားလုံးကို ရည်ညွန်းထားပါသည်။

နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့့။

ရှင်ပေတရုက နှိမ့်ချခြင်းဆိုသည့်ကိုယ်ကျင့်တရားကို အ၀တ်ကို ၀တ်ဆင်ထားသကဲ့သို့ ၀တ်ဆင်ထားသကဲ့သို့ို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ - "တစ်ယောက်နှင့် တစ်ယောက်နှိမ့်ချခြင်းရှိကြလော" သို့မဟုတ် "နှိမ့်ချခြင်း ရှိကြလော့" ဟုဆိုလိုပါသည်။ ( ရှု - rc://*/ta/man/translate/figs-metaphor)

တန်ခိုးကြီး ဘုရားသခင်၏ လက်တော်အောက်၌၊

ဤတွင် "လက်တော်" ဟူသည်မှာ နှိမ့်ချသောသူများကို ကယ်တင်ပြီး မာနထောင်လွားသောသူတို့ကို အပြစ်ပေးတတ်သော ဘုရားသခင်၏ တန်ခိုးတော်ကို ရည်ညွန်းထာားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ - "တန်ခိုးကြီးသော ဘုရားသခင်၏ လက်တော်‌အောက်၌" သို့မဟုတ် "ဘုရားသခင်ရှေ့၌၊ ကြီးမားသောတန်ခိုးရှိကြောင့်ကို နားလည်၍" ဟုဆိုလိုပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-metonymy)

စိုးရိမ်ခြင်းအမှုကို သခင်ဘုရား၌ အပ်လော့။

ရှင်ပေတရုသည် စိုးရိမ်ပူပန်မှုများကို လူတို့မှ ဝန်ထုပ်ဝန်ပိုး များကို ကိုယ်တိုင်ထမ်းခြင်းထက် ဘုရားသခင် ရှေ့တော်၌ ချထားရန် ပြော ကြားခြင်းဖြစ်သည်၊၊ အခြားသောဘာသာပြန်ဆိုချက်မှာ "သင်တို့၌ ရှိသမျှသော စိုးရိမ်မှုကို ကိုယ်တော့်အား အပ်နှံကြလော့"သို့မဟုတ် "သင်တို့ကိုစိုးရိမ်စေသောအရာရှိသမျှကို ကိုယ်တော့်အားပေးအပ်ကြလော့" ဟုဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)