3.1 KiB
ဆက်စပ်မှု ဖော်ပြချက်
ခရစ်ယာန် အသက်တာအကြောင်း ဆက်လက် သွန်သင်ထားသည်။
သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူ ညှဉ်းဆဲမည်နည်း။
ပေတရုက ကောင်းသောအမှုပြုလျှင် ရန်မရှိကြောင်း လေးနက် စေရန် မေးလိုက်ခြင်းဖြစ်သည်။ အခြားသောပြန်ဆိုချက်မှာ "ကောင်းသောတရားကို ကျင့်လျှင်၊ အဘယ်သူမှ သင်တို့ကို ညှဉ်းဆဲမည်မဟုတ်" ဟုဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-rquestion)
ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား၊
စကားစုတစ်ခုအဖြစ်ဘာသာပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် "သင်သည် မှန်သောအရာကို လုပ်ဆောင်သောကြောင့် ဆင်းရဲခံရသည်" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)
မင်္ဂလာရှိကြ၏ ။
အခြားသောဘာသာပြန်ဆိုချက် "ဘုရားသခင်သည် သင့်ကို ကောင်းကြီးပေးတော်မူမည်" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)
သူတို့၏ခြိမ်းချောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။
ဤစကားစုနှစ်ခုတို့သည် အဓိပွယ်အတူတူဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်သူများအား ကြောက်ရွံ့ခြင်းမရှိရန် အထူးလေးနက်စေသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "လူတို့၏ ခြိမ်းချောက်မှုကြောင့် ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိကြနှင့်" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)
သူတို့ကြောက်ရွံ့သောအရာ။
ဤတွင် "သူတို့" ဟူသောစကားလုံးသည် ရှင်ပေတရု၏စာကို ဖတ်သော ယုံကြည်သူများကို ညှဉ်းဆဲမည့်သူများအား ရည်ညွှန်းထားပါသည်။