my_tn/1pe/03/10.md

6.1 KiB

ယေဘုယျ အချက်အလက်

ရှင်ပေတရုသည် ဤကျမ်းပိုဒ်များကို ဆာလံကျမ်းမှ ကောက်နုတ်ထားသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

အသက်ကို မွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ၊

ဤစကားစုနှစ်ခုတို့သည် အဓိပ္ပယ်အတူတူဖြစ်ပြီး ကောင်းသော အသက်တာအား တောင့်ခြင်းအမှုကို အထူးပြုထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ၊

ဤတွင် ကောင်းသောအရာများအားတွေ့ကြုံခြင်းကို ကောင်းသောအရာများကို မြင်တွေ့ရခြင်းကဲ့သို့ပြောဆိုထားပါသည်။ "နေရက်" ဟူသောစကားလုံးမှာ ဘဝတခုစာကိုလည်း ရည်ညွှန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "အသက်တာ၌ ကောင်းသောအရာတို့ကို တွေ့မြင်ခြင်းငှါ" ဟူ၍ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-metonymy]])

မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။

"လျှာ" နှင့် "နှုတ်ခမ်း" ဟူသည်မှာ စကားပြောဆိုသောသူကို ရည်ညွှန်းထားပါသည်။ နှစ်ခုလုံး ဆိုလိုရင်းတခုတည်း ဖြစ်ပြီး လိမ်ညာခြင်းမပြုရန် ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ဒုစရိုက်နှင့် မုသားပြောခြင်းမှ ကင်းလွတ်စေ" ဟူ၍ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-synecdoche]])

မကောင်းသောအမူမှလည်း သူ့ကို ပြန်လှည့်စေသည်။

အခြားသောဘာသာပြန်ဆိုချက်မှာ "မကောင်းသောအမူပြုလုပ်ခြင်းကို ရပ်တန့်စေပါ" ရှု၊ [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-metaphor]])

ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏ ။

ဤတွင် "မျက်စိ" ဟူသည်မှာအရာရာကိုသိကျွမ်းနိုင်သော ဘုရားသခင်၏ အစွမ်းကို ရည်ညွန်းထားပါသည်။ ဘုရားသခင်က ဖြောင့်မတ်သောသူဟုအသိအမှတ်ပြုသောအရာမှာ ထိုအရာများကိုမြင်တွေ့ခြင်းကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ - "ကိုယ်တော်သည် ဖြောင့်မတ်သောသူကို မြင်သည်" သို့မဟုတ် ကိုယ်တော်သည် ဖြောင့်မတ်သောသူများကို ထောက်ခံပေးသည်" ဟူ၍ဖြစ်သည်။ ( ရှု - [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-metaphor]])

သူတို့ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။

"နား"ဟူသည်မှာ လူများက ပြောဆိုသောအရာများကို ဘုရားသခင်သည် သိကျွမ်းကြောင်းကို ရည်ညွန်းထားပါသည်။ အခြားသောပြန်ဆိုချက်မှာ "သူတို့ ဆုတောင်းသံကိုလည်း နားညောင်းတော်မူ၏" သို့မဟုတ် "သူတို့ ဆုတောင်းသည်အတိုင်းလည်း ပေးတော်မူ၏" ဟုဆိုလိုသည်။ (ရှု၊ [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-explicit]])

. . . ကိုကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏

"မျက်နှာ" ဟူသည်မှာ ရန်သူများအား ဆန့်ကျင်သော ဘုရားသခင်၏ အလိုတော်ကို ရည်ညွန်းထားပါသည်။ တစ်စုံတစ်ယောက်အား ဆန့်ကျင်ခြင်းကို တစ်စုံတစ်ယောက်အား မျက်နှာလွှဲခြင်းကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "သခင်ဘုရား ဆန့်ကျင်တော်မူ၏" ဟူ၍ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-metaphor]])