my_tn/1pe/03/08.md

3.2 KiB

ယေဘုယျ အချက်အလက်

ရှင်ပေတရုမှ ယုံကြည်သူများထံ ဆက်လက် ပြောကြားသည်။

စိတ်တညီတညွတ်တည်း ရှိကြလော့၊

"တစုတစည်းတည်း ရှိကြလော့" သို့မဟုတ် "စိတ်တူကိုယ်တူ ရှိကြလော့"

သနားစုံမက်ခြင်း၊

သူတပါးအပေါ် သနားကြင်နာမှုကို ညွှန်းသည်။

အချင်းချင်း ရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့၊

ရှင်ပေတရုကသူတပါး လုပ်ဆောင်သောအပြုအမူများအတွက်တုံ့ပြန်ခြင်းကို ထိုအပြုအမူများအတွက် ပြန်လည်ပေးဆပ်ခြင်းအနေနှင့် ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "မိမိအားမကောင်းသောအမှုကိုပြုသောသူကိုပြန်လည် ဆဲဆို တုံ့ပြန်ခြင်း မပြုဘဲ" ဟုဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

မေတ္တာပို့ခြင်းကို ပြုကြလော့၊

သင့်အနေဖြင့် ကောင်းကြီးဇစ်မြစ်ကို ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "သင်တို့ကို စော်ကားသောသူ သို့မဟုတ် မကောင်းမူပြုသောသူတို့ကို ကောင်းကြီးပေးခြင်းဖြင့် တုံ့ပြန်ကြလော့" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ခေါ်တော်မူသောသူ ဖြစ်သည်ဟု သိမှတ်၍၊

အခြားသောဘာသာပြန်ဆိုချက်မှာ "ထိုအရာအတွက် ဘုရားသခင်သည် ခေါ်တော်မူထားသည်"ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

သင်တို့သည် ကောင်းကြီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှါ၊

ရှင်ပေတရုက ဘုရားသခင်၏ကောင်းကြီးမင်္ဂလာကို အမွေခံရ သကဲ့သို့ တင်စားပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "သင်တို့သည် ကောင်းကြီးမင်္ဂလာကို အမြဲပိုင်စေခြင်းငှါ" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)