my_tn/1pe/03/01.md

4.3 KiB

ယေဘုယျ အချက်အလက်

ရှင်ပေတရုက အိမ်ထောင်သည် အမျိုးသမီးများကို သွန်သင်ထားသည်။

အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့၊

ယုံကြည်သူများက အာဏာပိုင် (၂း၃) နှင့် အစေခံများက မိမိတို့၏အလုပ်ရှင် (၂း၁၈) တို့၏ အုပ်စိုးမှုကို ခံယူသကဲ့သို့၊ ဇနီးမယားများက မိမိခင်ပွန်းအပေါ် တာဝန်ကျေရပါမည်။ "အုပ်စိုးခြင်းကို ဝန်ခံ" ဟု ဆိုရာတွင် နာခံရန် ဟုဆိုလိုပါသည်။

နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊

ဤတွင် "နှုတ်ကပတ်တရားတော်" ဟူသည်မှာ ဧဝံဂေလိ သိတင်းစကားကို ရည်ညွှန်းထားပါသည်။ နားမထောင်ခြင်း ဟုဆိုရာတွင် ယုံကြည်လက်ခံခြင်းမပြုကြောင်း ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "အချို့ယောက်ျားက သခင်ယေရှုနှင့်ပတ်သက်သောနှုတ်ကပတ်တရား၌ အယုံအကြည်မရှိပါ" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထိုသူတို့သည် . . . သွေးဆောင်လျက် အတူပါမည် အကြောင်းရှိ၏

"ထိုသူတို့သည် ... ခရစ်တော်ကို ယုံကြည်လာမည့် အကြောင်းရှိ၏" ဆိုလိုသည်မှာ ဤအရာက မယုံကြည်သူ ခင်ပွန်းက ယုံကြည်သူဖြစ်လာမည်အကြောင်း ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ထိုသူတို့သည် ... ယုံကြည်လာမည့် အကြောင်းရှိ၏" ဟုဆိုလိုခြင်းဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-idiom]] and [[rc:///ta/man/translate/figs-activepassive]])

တရားမနာသော်လည်း၊

"မယား၏တိုက်တွန်းမှုမရှိသော်လည်း။" ဤတွင် "တရားစကား" ဟူသည်မှာ မယား၏ ယေရှုအကြောင်းကို သက်သေခံဝေငှခြင်း ဖြစ်သည်။

သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သော အကျင့်တို့ကို ထောက်ရှု၍၊

ရှင်ပေတရုသည် လူတို့၏အကျင့်ကို လုပ်ဆောင်သောအရာထက်မြင်နိုင်သောအရာဝတ္ထုကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ ( ရှု ၊ rc://*/ta/man/translate/figs-abstractnouns)

သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သော အကျင့်တို့၊

ဖြစ်နိုင်ခြေရှိသောအဓိပ္ပာယ်များမှာ- ၁) "သင်တို့၏ စိတ်ရင်းဖြင့် နာခံသော အကျင့်တို့" (UDB)။ သို့မဟုတ် ၂) "သင်တို့၏ စင်ကြယ်မှုနှင့် ဘုရားသခင်ကို ရိုသေသော အကျင့်တို့ကို" ဟူ၍ဖြစ်သည်။