my_tn/1pe/02/24.md

3.3 KiB

ဆက်စပ်မှု ဖော်ပြချက်

ရှင်ပေတရုမှ ဆက်လက်၍ အစေခံများအား ယေရှုခရစ်အကြောင်းကို သွန်သင်သည်။

ကိုယ်တော်တိုင်၊

ဤအရာသည် သခင်ယေရှုကို ရည်ညွှန်းထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-rpronouns)

ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီး၊

"အပြစ်များကို ... ခံတော်မူပြီး" ဆိုရာတွင် ငါတို့၏ အပြစ်ဒဏ်များအတွက် ခံတော်မူကြောင်း ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ငါတို့အပြစ်ဒဏ်များကို သစ်တိုင်ပေါ်မှာ ခံတော်မူသဖြင့်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သစ်တိုင်၊

ဤအရာသည် သခင်ယေရှု အသက်စွန့်ခဲ့သော သစ်သား ကားတိုင်တော်ကို ရည်ညွှန်းထားပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-metonymy)

ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက် ရှိကြ၏။

အခြားသောဘာသာပြန်ဆိုချက်မှာ "ဘုရားသခင်သည် ခရစ်တော်ခံရသော ဒဏ်ချက်တော်အားဖြင့် ငါတို့ကိုအနာငြိမ်းစေပြီ" ဟုဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

သင်တို့သည် အထက်ကလမ်းလွှဲ၍ ပျောက်သောသိုးကဲ့သို့ ဖြစ်ကြ၏

‌ရှင်ပေတရုက စာဖတ်သောသူများကို သူတို့သည် ခရစ်တော်ကို မယုံကြည်မီ အခြေအနေကို ဉီးတည်ရာမဲ့၍ လမ်းပျောက်သောသိုးကဲ့သို့ ခိုင်နှိုင်းပြောဆိုထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

သိုးထိန်းတည်းဟူသော သင်တို့၏ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသော အရှင်၊

ရှင်ပေတရုက သခင်ယေရှုကို သိုးထိန်းကဲ့သို့ တင်စားထားပါသည်။ သိုးထိန်းက မိမိသိုးများကို စောင့်ရှောက်သကဲ့သို့၊ ယုံကြည်သူများကို သခင်ယေရှု စောင့်ရှောက်တော်မူသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)