my_tn/1pe/02/18.md

3.7 KiB

ယေဘုယျ အချက်အလက်

ရှင်ပေတရုက လူတို့၏ အိမ်၌ အစေခံသောသူများအား အစပြုသွန်သင်ထားပါသည်။

သခင်သည် စိတ်ကောင်း၍ ဖြည်းညှင်းသောသဘော ရှိသည်ဖြစ်စေ၊

"ကောင်းသော" ဟူသော အရာ နှင့် "ဖြည်းညှင်းသော" ဟူသည် မှာ ဆိုလိုရင်း တခုတည်းဖြစ်ပြီး၊ ငယ်သားတို့အပေါ် ကြင်နာမှုကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ"သနားကြင်နာသောသခင်"ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)

ကြမ်းတမ်းသောသဘော ရှိသည်ဖြစ်စေ၊

"အကြင်နာမဲ့သောသခင် " သို့မဟုတ် "ယုတ်ညံ့သောသခင်" ။

ကျေးဇူးရှိ၏ ၊

"ချီးမွမ်းထိုက်ပေ၏" သို့မဟုတ် "ဘုရားသခင်ကို ကျေနပ်စေတော်မူ၏"

ဘုရားသခင်၏ မျက်နှာတော်ကို ထောက်၍ . . . နာကျင်စွာ ခံရလျှင်၊

မူရင်းကျမ်း၌ ဆိုလိုသော ဖြစ်နိုင်ခြေများမှာ၊ ၁) "ဘုရားသခင်ကို နာခံသောကြောင့်ထိုသူသည် ဒုက္ခကို တောင့်ခံနိုင်သည်။ (UDB) " သို့မဟုတ် ၂) "သူသည်ဆင်းရဲဒုက္ခခံသည်ကို ဘုရားသခင် သိမြင်ကြောင်းနားလည်သောကြောင့် မတရားသောပြစ်ဒဏ်ကို ခံနိုင်စွမ်းရှိသည်" ဟူ၍ဖြစ်သည်။

ကိုယ်အပြစ်ကြောင့် . . . လျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း၊

ရှင်ပေတရုက မိမိပြုသော အမှားအတွက် ဒဏ်ခတ်ခံရခြင်းမှာ ချီးမွမ်းစရာ မရှိကြောင်း ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ"အ‌ကြောင်းမူကား အပြစ်ဒဏ်ခံရာတွင် ချီးမွမ်းဖွယ်ရာမရှိပါ".ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဒဏ်ခံရသောအခါ၊

အခြားသောဘာသာပြန်ဆိုချက်မှာ "တစ်စုံတစ်ယောက်သည်သင်တို့ကို အပြစ်စီရင်ရာ၌" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဆင်းရဲခံရသောအခါ သည်းခံလျှင်၊

အခြားသောဘာသာပြန်ဆိုချက်မှာ "တစ်စုံတစ်ယောက်ကြောင့် သင်တို့သည် ညှင်းဆဲခံရသည်" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)