my_tn/1pe/02/13.md

2.8 KiB

သခင်ဘုရား၏ မျက်နှာတော်ကို ထောက်လျက်၊

ဖြစ်နိုင်ခြေရှိသောအဓိပ္ပာယ်များမှာ၊ ၁) လူ့အာဏာပိုင်များကို နာခံခြင်းက၊ ထိုသူတို့ကို ခန့်ထားသော သခင်ဘုရားကို နာခံခြင်းမည်ကြောင်း ဆိုလိုသည်။ သို့မဟုတ် ၂) လူ့အာဏာပိုင်များကို နာခံခြင်းက၊ ထိုသူတို့ကို နာခံခဲ့သော သခင်ယေရှုအား အသိမှတ်ပြုခြင်းမည်ကြောင်း ဆိုလိုသည်။

အထွဋ်အမြတ်တည်းဟူသော ရှင်ဘုရင်ဖြစ်စေ၊

"လူ့လောကတွင်အာဏာအရှိဆုံးဖြစ်သော ရှင်ဘုရင်"၊

ဒဏ်စီရင်စေခြင်းငှါ၎င်း၊

"ရှင်ဘုရင်မှ ဒဏ်စီရင်ရန်စေလွတ်ထားသောသူ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသောစကားကို ချေစေခြင်းငှါ၊

"ကောင်းသော အကျင့်အားဖြင့် လူမိုက်တို့၏ သူတို့ကိုယ်တိုင်နားမလည်သော၊ မိုက်မဲသောစကားကို ချေစေခြင်းငှါ"၊

လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့ မကျင့်၊

‌ရှင်ပေတရုက လွတ်မြောက်ခြင်းကို အကြောင်းပြု၍ ဒုစရိုက်အမှုတို့ကို ဖုံးအုပ်ခြင်းမပြုရန်၊ ဒုစရိုက် မပြုရန် ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "မကောင်းသောအမူကို ပြုလုပ်စေရန် ဆင်ခြေပေးခြင်း" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ညီအစ်ကိုများ၊

ခရစ်ယာန် ယုံကြည်သူများအားလုံးကို ရည်ညွှန်းထားပါသည်။