my_tn/1pe/02/11.md

4.4 KiB

ယေဘုယျ အချက်အလက်

ရှင်ပေတရုမှ ခရစ်ယာန် အသက်တာသည်မည်သို့ အသက်ရှင်ရမည့်အကြောင်းကို အစပြု သွန်သင်ထားပါသည်။

ဧည့်သည်အာဂန္တု၊

ဤစကားလုံးနှစ်ခုတို့သည် မူလအားဖြင့် တူညီကြသည်။ ရှင်ပေတရုမှ ယုံကြည်သူများကို လောကတွင် ဧည့်သည် အဖြစ်နေထိုင်သူများဟု ဆိုထားသည်။ (ရှု၊ [[rc:///ta/man/translate/figs-doublet]] and [[rc:///ta/man/translate/figs-metaphor]])

ကိုယ်ကာယ တပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊

ဤတွင် "ဇာတိအလိုလိုက်ခြင်း" ဟူသည်မှာ လောကတွင်ရှိသောလူသားများ၏ ကိလေသာအပြစ်သဘောကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ကိလေသာကို ငြင်းပယ်မည်အကြောင်း" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဝိညာဉ်နှင့် စစ်ပြိုင်တတ်သော၊

ဤနေရာတွင်"ဝိညာဉ်" ဟူသောစကားလုံးသည် လူတစ်ယောက်၏ ဝိညာဉ်အသက်တာကို ရည်ညွှန်းထားပါသည်။ ရှင်‌ပေတရုက ဇာတိ၌ တပ်မက်ခြင်းကို ယုံကြည်သူတို့၏ ဝိညာဉ်အသက်တာကို ဖျက်ဆီးရန်ကြိုးစားနေသော စစ်သားများ ကဲသို့ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "သင်တို့၏ဝိညာဉ်အသက်တာကို ဖျက်ဆီးရန်ကြိုးစားနေသည်" ဟူ၍ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-metaphor]])

တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့၊

ရှင်ပေတရုမှ ကောင်းမွန်စွာကျင့်ကြံနေထိုင်သော ယုံကြည်သူများအား ပိုင်ဆိုင်သောအရာဝတ္ထုအဖြစ်ပြောဆိုထားပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-abstractnouns)

သင်တို့ကို ကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊

"သင်တို့ကို ကဲ့ရဲ့အပြစ်တင်လျှင်"၊

သင်တို့၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု၍

ရှင်ပေတရုမှ ကောင်းမွန်စွာကျင့်ကြံနေထိုင်သောယုံကြည်သူများ အားမယုံကြည်သူများမှ တွေ့မြင်နိုင်သော အရာဝတ္ထုများအဖြစ်ပြောဆိုထားခြင်းဖြစ်သည် ။ ( ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ဘုရားသခင် ကြည့်ရှု စီရင်တော်မူသော နေ့ရက်၌၊

ဤနေ့ရက်သည် လူသားများအားဘုရားသခင်မှ တရားစီရင်မည့် နေ့ရက်အချိန်ကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "အယောက်စီတိုင်းအတွက် တရားစီရင်ရာ နေ့ရက်ရောက်လာသောအခါ" ဟူ၍ဖြစ်သည်။ ( ရှု၊ [[rc:///ta/man/translate/figs-abstractnouns]] and [[rc:///ta/man/translate/figs-explicit]])