my_tn/1pe/02/07.md

3.8 KiB

ဆက်စပ်မှု ဖော်ပြချက်

ရှင်ပေတရုမှ ကျမ်းစာကို ဆက်လက်၍ ကောက်နုတ်ထားသည်။

ပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏။

တိုက်ဆောက်သူများမှအစ လူတို့ ငြင်းပယ်သော ယေရှုကို တိုက်အိမ်၏ အုတ်မြစ်ကျောက်အဖြစ် ဘုရားသခင် ရွေးချယ်ခန့်ထားတော်မူသည့်အကြောင်းကို ဥပစာအနေနှင့်ပြောဆိုထားခြင်းဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-explicit]])

တိုက်ကို တည်လုပ်သောသူများ ပယ်ထားသော ကျောက်၊

အခြားသော ဘာသာပြန်ဆိုချက်မှာ "တိုက်ဆောက်သူများ ပယ်ထားသောကျောက်" ဟုဆိုလိုပါသည်။(ရှု၊ rc://*/ta/man/translate/figs-activepassive)

တိုက်ထောင့်အထွဋ်ဖျား

၁ပေ ၂း၆ ရှိ "အုတ်မြစ်ကျောက်မြတ်" နှင့် အနက်ချင်းတူ၍ တိုက်အိမ်၏ အရေးပါဆုံးသော အောက်ခြေကျောက်ကို ရည်ညွှန်းထားပါသည်။

ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊

ဤစကားစုနှစ်ခုတို့သည် အဓိပ္ပယ်ဆင်တူဖြစ်သည်။ နှစ်ခုစလုံးတို့သည် ထို "ကျောက်"ကို ထိခိုက်ကြလိမ့်မည် ဟူသောအရာကို အထူးပြုထားပြီး သခင်ယေရှုကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ- "လူတို့ထိမိ၍ ချော်လဲစရာကျောက်" ဟုဆိုလိုပါသည်။ (ရှု၊ [[rc:///ta/man/translate/figs-explicit]] and [[rc:///ta/man/translate/figs-parallelism]] and rc://*/ta/man/translate/figs-metaphor)

နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသောသူတို့သည် ထိမိ၍၊

ဤတွင် "နှုတ်ကပတ်တရားတော်" ဟူသည်မှာ ဧဝံဂေလိတရားကို ရည်ညွှန်းထားပါသည်။ "နားမထောင်ဘဲ" ဆိုသည်မှာ "မယုံကြည်ခြင်း" ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ- "နုတ်ကပတ်တရားတော်ကို နားမထောင်သောကြောင့် ထိမိ၍ လဲကြသည်" ဟုဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူသတည်း

"ဤအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူသတည်း" (ရှု၊ rc://*/ta/man/translate/figs-activepassive)