my_tn/1pe/02/04.md

4.0 KiB

ယေဘုယျ အချက်အလက်

ရှင်ပေတရုမှ ယေရှုနှင့် ယုံကြည်သူတို့ကို အသက်ကျောက်ဖြင့် တင်စားထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အသက်ကျောက်မြက် တည်းဟူသော ထိုသခင်ထံသို့ သင်တို့သည် ရောက်၍၊

ရှင်ပေတရုမှ သခင်ယေရှုကို တိုက်အိမ်၏ အုတ်မြစ်ကျောက်ဖြင့် ခိုင်းနှိုင်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ- "အသက်ကျောက်မြတ်ဖြစ်သော ထိုသခင်ထံသို့ သင်တို့ ရောက်၍" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အသက်ကျောက်မြက် တည်းဟူသော၊

ဖြစ်နိုင်ခြေရှိသောအဓိပ္ပာယ်များမှာ၊ ၁) "အသက်ကျောက်မြတ်ဖြစ်သော။" သို့မဟုတ် ၂) "အသက်ကိုပေးသော ကျောက်မြတ်ဖြစ်သော" ဟူ၍ဖြစ်သည်။

လူတို့ပယ်ထား၍၊

အခြားသောဘာသာပြန်ဆိုချက်မှာ "လူတို့ပယ်ထားသော"ဟူ၍ ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဘုရားသခင် ရွေးချယ်တော်မူသော

အခြားသောဘာသာပြန်ဆိုချက်မှာ- "ဘုရားသခင် ရွေးချယ်တော်မူသော" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။

ဓမ္မဟောင်းခေတ်တွင် ဗိမာန်ကို ကျောက်မျက်များဖြင့် ထပ်၍ ဆောက်ရသကဲ့သို့၊ မျက်မှောက်ခေတ် ယုံကြည်သူများမှာ ဘုရားသခင်၏ ဗိမာန်တော်ကို တည်ဆောက်သော ကျောက်မြတ်များဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အသက်ကျောက်များကဲ့သို့၊

ရှင်ပေတရုမှ ယုံကြည်သူများကို အသက်ရှိသော ကျောက်များကဲ့သို့နှိုင်းယှဥ်ထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏ ။

အခြားသောဘာသာပြန်ဆိုချက်မှာ "ဓမ္မတိုက်ကို တည်ဆောက်ရာ အသက်ကျောက်များ ဖြစ်ကြ၏" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဓမ္မယဇ်ကို ပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုး၊

ဤနေရာတွင် ယဇ်ပုရောဟိတ်မျိုး၏ အနေထားသည် ဓမ္မယဇ်ကို ပူဇော်ရသော တာဝန်ကျေပွန်သော ယဇ်ပုရောဟိတ်မျိုးကို ရည်ညွှန်းထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)