my_tn/1pe/02/01.md

5.7 KiB

ဆက်စပ်မှု ဖော်ပြချက်

ရှင်ပေတရုမှ သူ၏စာဖတ်သူများအား သန့်ရှင်းခြင်းနှင့် နာခံခြင်းအကြောင်း ဆက်လက် သွန်သင်ထားသည်။

ထိုကြောင့် . . . အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း ရှိသမျှကို ပယ်ရှား၍၊

အပြစ်ရှိသော အပြုအမူများကို လူတို့မှ လွှင့်ပစ်ကြသော အရာများကဲ့သို့ပြောဆိုထားခြင်းဖြစ်သည်။ "ထို့ကြောင့်" ဟူသောစကားလုံးသည်ရှင်ပေတရုမှ ယခင်အခန်း၌ ဖော်ပြခဲ့သော သန့်ရှင်းခြင်းနှင့် နာခံခြင်းအကြောင်းကို ပြန်၍ရည်ညွှန်းထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ- "ထို့ကြောင့် ... ရှိသမျှကို ရှောင်ရှား၍" သို့မဟုတ် "ထို့ကြောင့် ... အမှု ရှိသမျှကို ရပ်တန့်၍" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သောစိတ် ရှိကြလော့။

ရှင်ပေတရုမှ စာရှုသူများကို မွေးကင်းစ ကလေးနှင့် နှိုင်းယှဉ်ထားသည်။ မွေးကင်းစ ကလေးငယ်မှာ အစာခြေလွယ်သော နို့ရည်အစစ်ကိုသာ စားသုံးနိုင်သည်။ ထို့အတူ၊ ယုံကြည်သူများကလည်း စစ်မှန်သော နှုတ်ကပတ်တရားကို လိုအပ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ- "မွေးကင်းစသူငယ်များသည် မိခင်၏နို့ကိုတောင့်တသကဲ့သို့၊ သင်တို့သည်လည်း ထိုတရားနို့ကို တောင့်တခြင်း ရှိကြလော့" ဟုဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အလွန် လိုချင်သောစိတ် ရှိကြလော့။

"အလွန်ဆာငတ်ခြင်း ရှိကြလော့" သို့မဟုတ် "တောင့်တခြင်း ရှိကြလော့" ။

နှုတ်ကပတ်တရား၏ နို့စစ်၊

ရှင်ပေတရုမှ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အနှစ်သာရကို ကလေးငယ်များအား အားအင်ပေးသော နို့ရည်ကဲ့သို့ တင်စားထားခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကယ်တင်ခြင်းအလိုငှါ . . . ကြီးပွားမည်အကြောင်း၊

"ကယ်တင်ခြင်း" ဟူရာတွင် သခင်ယေရှု ပြန်လည် ဆင်းကြွချိန်မှသာ ပြီးပြည့်စုံမည့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ညွှန်းဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ- "သင်တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းပြည့်စုံသည်တိုင်အောင် ဝိညာဉ်ပိုင်းကြီးပွါး၍ မည့်အကြောင်း" ဟုဆိုလိုခြင်းဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-abstractnouns]] and [[rc:///ta/man/translate/figs-explicit]])

ကြီးပွားမည်၊

ရှင်ပေတရုမှ ယုံကြည်သူများသည် ကလေးငယ်များ ကြီးထွားသကဲ့သို့ ဘုရားသခင်ကို သိမြင်၍ သစ္စာတရား ခိုင်ခံ့လာခြင်းကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍၊

ဤနေရာတွင် "မြည်းစမ်းကြသည်" ဆိုသည်မှာ ကိုယ်တိုင်တွေ့ကြုံရခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ- "သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို ခံကြရသည်ဖြစ်၍"ဟုဆိုလိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)