my_tn/1ki/18/36.md

2.5 KiB

... ရောက်သောအခါ၊

ဤစကားစုသည် ပုံပြင်အတွက် အရေးပါသော အချိန်အပိုင်းအခြားကို ရည်ညွှန်း ဖော်ပြရန် သုံးထားခြင်း ဖြစ်သည်။

အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ဘုရားသခင် ထာဝရဘုရား၊

ဤတွင် "ဣသရေလ" သည် ယာကုပ် ကို ရည်ညွှန်းသည်။ ထာဝရဘုရားသည် ယာကုပ်၏ အမည်ကို ဣသရေလ ဟူ၍ (ကမ္ဘာဦးကျမ်း ၃၂:၂၈) အမည် ပြောင်းလဲပေးခဲ့ပြီး သူ၏ နောင်လာနောက်သားတို့ကို ဣသရေလ လူမျိုးဟု အမည်ပေးခဲ့သည်။

ယနေ့သိကြပါစေသော။

ဤသည်ကိုကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ယနေ့ ဤသူတို့ကို သိစေမည်။"(ရှု၊ rc://*/ta/man/translate/figs-activepassive)

နားထောင် တော်မူပါ။ နားထောင်တော်မူပါ

ဤစကားစုကို ထပ်ခါထပ်ခါ ဖော်ပြနေရခြင်းမှာ ဧလိယမှ ထာဝရဘုရားကို ဆင့်ခေါ်ခြင်း အား အထူးပြုဖော်ပြနေခြင်း ဖြစ်သည်။

ဤလူတို့ စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကို၎င်း၊ သူတို့သည် သိစေခြင်းငှါ

"စိတ်သဘောကို ပြောင်းလဲ" သည်မှာ လူတို့၏ လက်ခံမှုနှင့် သစ္စာထားမှု ကို သွယ်ဝိုက်ပြောဆိုနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "သူတို့အား သင့်၌ ပြန်လည် သစ္စာရှိရန် ပြုတော်မူပါ။" (ရှု၊ rc://*/ta/man/translate/figs-metonymy)