my_tn/1ki/16/25.md

5.3 KiB

ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသဖြင့်

ထာဝရဘုရားရှေ့တော်သည် ထာဝရဘုရား၏ စီရင်ခြင်းကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ဒုစရိုက်အပြစ်တွက် ထာဝရဘုရား၏ စီရင်ခြင်း" သို့မဟုတ် " ထာဝရဘုရားသည် ဒုစရိုက်ဖြစ်စေသော အကြောင်းအား စဉ်းစားသည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

နေဗတ်၏သား ယေရောဗောင်လိုက်သောလမ်း

လျှောက်လှမ်းခြင်း ဆိုသည်မှာ လုပ်ဆောင်ပြုမူခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "နေဗတ်၏သား ယေရောဗောင် လုပ်သမျှအတိုင်း ထပ်တူ ပြုလုပ်သည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့်

ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ "သူ၏" နှင့် "သူ" သည် ၁။ ဗာရှာ ၂။ ယေရောဗောင် အား ဆိုလိုခြင်း ဖြစ်သည်။

လိုက်သောလမ်း

အပြစ်၌ ကျင်လည်ခြင်း၏ ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ ၁။ ယေရောဗောင်ကဲ့သို့ အပြစ်လုပ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ယေရောဗောင်ပြစ်မှားသကဲ့သို့ ပြစ်မှားသည်။" သို့မဟုတ် ၂။ အပြစ်ပြုလေ့ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက် - " သူသည် အပြစ်ပြုလေ့ရှိသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့်

လူအများအား အပြစ်သို့ ဦး‌ဆောင်ခြင်းသည် အပြစ်ပြုရန် လွှမ်းမိုးခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - " ဣသရေလလူမျိုးများအား အပြစ်ပြုစေရန် လွှမ်းမိုးသော သူ၏အပြစ်" သို့မဟုတ် "ထိုကဲ့သို့ ပြစ်မှားသည်၊ လူများအား အပြစ်ပြုရန် လွှမ်းမိုးသည်။"

ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ပြစ်မှားစေသော ဒုစရိုက်အပြစ်လမ်းသို့

လူအများသည် ရုပ်တု ဆင်းတုများအား ကိုးကွယ်သောကြောင့် ထာဝရဘုရားသည် အမျက်ထွက်သည်။ (၁၆:၁၁) တွင် မည်ကဲ့သို့ ဘာသာပြန်ထားသည်ကို ကြည့်ပါ။အခြားသော ဘာသာပြန်ဆိုချက် - "ဣသရေလလူမျိုးများ၏ ဘုရားသခင် ထာဝရဘုရားသည် ထိုရုပ်တု ဆင်းတုများအား ကိုးကွယ်ကြသောကြောင့် အမျက်ထွက်သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

မိစ္ဆာဒိဌိအားဖြင့်

"မိစ္ဆာဒိဌိ" ဟူသော စကားလုံးသည် ထို ရုပ်တု ဆင်းတုများသည် ဘာမှ မလုပ်နိုင်သောကြောင့် တန်ဖိုးမရှိကြောင်းကို လူအများသိစေရန် သတိပေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရုပ်တု ဆင်းတုများသည် တန်ဖိုးမရှိပေ။" သို့မဟုတ် "ရုပ်တုဆင်းတုများသည် အသုံးမဝင်ပေ။" (ရှု၊ rc://*/ta/man/translate/figs-distinguish)

မိမိတို့ဘုရား သခင် ထာဝရဘုရား

ဤတွင် "မိမိတို့" သည် ယာကုပ်မှ ဆင်းသက် လာသော ဣသရေလ အနွယ် တစ်ဆယ့် နှစ်နွယ်အား ရည်ညွှန်းခြင်း ဖြစ်သည်။