my_tn/1ki/15/25.md

3.9 KiB

ဆက်စပ် ဖော်ပြချက်

အခန်းကြီး ၁၅ နှင့် ၁၆ ၏ ကျန်ရှိနေသော အပိုင်းများမှာ ဣသရေလဘုရင်များအကြောင်းဖြစ်သည်။ ဤအဖြစ်အပျက်များသည် ယုဒပြည်တွင် ဘုရင် အာသအုပ်ချုပ်နေချိန်တွင် ဖြစ်ပျက်ခဲ့ကြသည်။

ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်

ရှင်ဘုရင် အာသ၏ နန်းသက် နှစ်နှစ်ကို ရည်ညွှန်းသည်။ ထို့ထက် ပိုမိုရှင်းလင်းအောင် ရေးသားနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "အာသသည် ယုဒပြည်ရှင်ဘုရင် အဖြစ် အုပ်ချုပ်သည့်နှစ်ပေါင်း နှစ်နှစ်ပြည့်ခါနီးအချိန်တွင်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏

"နာဒဒ်သည် ဣသရေလပြည်ကို နှစ်နှစ်အုပ်ချုပ်သည်"

ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍

ထာဝရဘုရားရှေ့တော်သည် ထာဝရဘုရား၏ အမြင်ကို ရည်ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ထာဝရဘုရား၏ အမြင်တွင် ဒုစရိုက်ဖြစ်သော" သို့မဟုတ် "ဒုစရိုက်ဟု ထာဝရဘုရားသတ်မှတ်ထားသော" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ခမည်းတော်လိုက်သောလမ်း

"လမ်း" သည် ဤအဖြစ်အပျက်တွင် အပြုအမူကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "သူ၏ ဖခင်ပြုခဲ့သည့်အတိုင်း ပြုကျင့်သည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်း

သူ၏ဖခင် ကျူးလွန်ခဲ့သော အပြစ်များနှင့် အသွင်မတူသော အပြစ်များကို ကျူးလွန်ပြုလုပ်ခဲ့ခြင်းကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "သူ့နည်းလမ်းနှင့်သူ အပြစ်ကျူးလွန်၍" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဣသရေလ အမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်လေ၏

တစ်စုံတစ်ခုပြုလုပ်ရန် လူအများကို ဦးဆောင်ခြင်းသည် ထိုသူများကို ဩဇာလွှမ်းမိုးခြင်းကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "သူကိုယ်တိုင် အပြစ်ကျူးလွန်ခြင်းဖြင့် ဣသရေလများကိုလည်း အပြစ်လွန်ကျူးစေသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)