my_tn/1ki/15/04.md

5.2 KiB

ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင် ထာဝရဘုရားသည် ဆွေတော်မျိုးတော် ကို ချီးမြှောက်၍

"အဘိယ၏သားအား ချီးမြှောက်ခြင်းအားဖြင့်" သို့မဟုတ် "အဘိယအား သားပေးသနား၍"

ထိုမြို့ ၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏

"မီးခွက်" သည် ဒါဝိဒ်ကဲ့သို့ ရှင်ဘုရင် ဖြစ်လာနိုင်သည့် မျိုးဆက်ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ယေရုရှလင်တွင် အုပ်ချုပ်မည့် မျိုးဆက်အား ဒါဝိဒ်အား ပေးခဲ့သည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင်

ဥရိယနှင့် စပ်ဆိုင်သော အခြေအနေကို ရည်ညွှန်းသည်။ ၎င်းအခြေအနေကို ပို၍ရှင်းလင်းပြတ်သားအောင် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ဟိတ္တိအမျိုး ဥရိယအား ပြုသောအမှုကိစ္စမှ လွဲ၍" သို့မဟုတ် "ဟိတ္တိအမျိုး ဥရိယအား သေစေသည့်အကြောင်းအရာမှ လွဲ၍" (ရှု၊ rc://*/ta/man/translate/figs-explicit)

တသက်လုံး

"နေ့ရက်များ" သည် အချိန်ကာလအပိုင်းအခြား တစ်ခုကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ဒါဝိဒ် အသက်ရှင်သည့် ကာလပတ်လုံး" သို့မဟုတ် "ဒါဝိဒ်၏ ဘဝတစ်လျှောက်လုံး" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထာဝရဘုရားမှာ ထားတော်မူသော အမှုတစုံတခုကိုမျှ မရှောင်

မှာထားတော်မူချက်များမှ သွေဖြည်ခြင်းသည် မနာခံခြင်းနှင့် အတူတူပင်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ဘုရားသခင် မိန့်မှာထားသော အရာမှန်သမျှမှ ဒါဝိဒ်သည် သွေဖြည်ခြင်း မရှိခဲ့ပါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ရှေ့တော်၌ တရားသဖြင့် ကျင့်

"မျက်လုံး" ဆိုရာတွင် မြင်ခြင်းဖြစ်ပြီး ထိုအမြင်အာရုံသည် လူတစ်ဦးတစ်ယောက်၏ အမြင်၊ ထင်မြင်ချက် ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ထာဝရဘုရားမှ မှန်ကန်သည်ဟု ထင်မြင်သော အရာများ" သို့မဟုတ် "ထာဝရဘုရားမှ မှန်ကန်သည်ဟု သတ်မှတ်ထားသော အရာများ" (ရှု၊ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-metaphor]])

ရောဗောင်သား အဘိယနှင့် ယေရောဗောင်တို့သည်

"ရောဗောင်" နှင့် "ယေရောဗောင်" တို့သည် ရှင်ဘုရင်နှစ်ပါး၏ စစ်တပ်တို့ကို ကိုယ်စားပြုသည်။ ရောဗောင်သည် အဘိယ၏ ဖခင်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရောဗောင်နှင့် ယေရောဗောင်တို့ စစ်တပ်နှစ်တပ်ကြားတွင်" (UDB) (ရှု၊ rc://*/ta/man/translate/figs-synecdoche)

အသက်ရှည်သမျှ ကာလပတ်လုံး

"ကာလပတ်လုံး" သည် ကာလအချိန်အပိုင်းအခြားတစ်ခု ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "အဘိယ အသက်ရှင်သည့် အချိန်တိုင်း" သို့မဟုတ် "သူ့ဘဝ တစ်လျှောက်လုံး" (ရှု၊ rc://*/ta/man/translate/figs-metonymy)