my_tn/1ki/06/11.md

3.1 KiB

ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှောလမုန်သို့ ရောက်လာသည်ကား

ထာဝရဘုရားသည် သူ၏လူများ သို့မဟုတ် သူ၏ ပရောဖက်များအား တစ်စုံတစ်ခုအား ပြောကြားရန် စတင် မိတ်ဆက်သောအခါတွင် သုံးသော ဥပစာ စကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ထာဝရဘုရားသည် ဤစာအား ပြောခဲ့သည်။" သို့မဟုတ် "ထာဝရဘုရားသည် ထိုစကားများအား ပြောသည်။" (ရှု၊ rc://*/ta/man/translate/figs-idiom)

ငါသွန်သင်သော လမ်းသို့ လိုက်လျက်

"လမ်းသို့ လိုက်သည်" ဟူသော စကားလုံးသည် "နာခံခြင်း" သို့မဟုတ် "ရှင်သန်ခြင်း" ကို ဆိုလိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ငါသွန်သင်သော အရာအားလုံးကို ဆက်လက် နာခံသည်။" (UDB) (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါစီရင် ချက်အတိုင်းစီရင်၍

ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ ၁။ ငါ၏ ပညတ်ချက်တို့အား သယ်ဆောင်ပါ။ သို့မဟုတ် ၂။ လူများအား တရားမျှတစွာ စီရင်ချက်ချသည်။

ငါပညတ်သမျှတို့ကို စောင့်ရှောက် လျှင်၊

ဤစကားစု နှစ်စုသည် အခြေခံအားဖြင့် တူညီသောအရာများနှင့် ထာဝရဘုရား၏ ပညတ်တော်များကို နာခံခြင်း ဟူသော အရေးကြီးသောအရာအား အလေးထားခြင်းကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက် - " သင်လုပ်ရန် ငါပြောထားသောအရာများအား ဂရုတစိုက် နာခံပါ။" (ရှု၊ rc://*/ta/man/translate/figs-parallelism)

သင်၏အဘဒါဝိဒ်အား ငါဂတိထားသည်အတိုင်း သင်၌ငါပြုမည်

သင်၏ ဖခင် ဒါဝိဒ်အား ငါသည် အရာအားလုံးကို လုပ်ပေးမည်ဟု ကတိ ပေးထားသည့်အတိုင်း သင့်အတွက် ငါလုပ်ပေးမည်။