my_tn/1ki/06/09.md

2.2 KiB

အိမ်တော်ကို တည်ပြီးမှ

ရှောလမုန် လုပ်သောအရာအား အခြားသောသူများမှ ကူညီကြောင်း စာဖတ်သူများ နားလည်နိုင်စေရန် အလို့ငှာ ဘာသာပြန်ရန် အကောင်းဆုံးဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထုပ်များတိုင်များ

"ထုပ်" သည်အဆောက်အဦးအား ထောက်မရန် ကြီးမား၍ ရှည်လျားသော သစ်သားဖြစ်သည်။ (၆:၅) တွင် ဘာသာပြန်ထားပြီးသကဲ့သို့ ဖြစ်သည်။

အာရဇ်ပျဉ်ပြား

"ပျဉ်ပြား" သည် နံရံများနှင့် ကြမ်းပြင်များအတွက် အသုံးပြုသော သစ်သား အပြား ဖြစ်သည်။

အခန်း

(၆:၅)တွင် ရည်ညွှန်းဖော်ပြထားသော အခန်းများနှင့် တူညီသည်။

ထရံ

ဤစကားစုသည် ထရံများကို ပတ်လည် ကာထားသော နံရံများကို ဆိုလိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ငါးတောင်

တစ်တောင်တွင် ၄၆ စင်တီမီတာ ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက် - "၂.၃ မီတာ" (ရှု၊ rc://*/ta/man/translate/translate-bdistance)

အာရဇ်ရက်မ

"ရက်မ" ဟူသော စကားလုံးသည် ထုပ်များ တိုင်များကဲ့သို့အဆောက်အဦးတွင် အသုံးပြုသော သစ်သားများကို ရည်ညွှန်းသည့် ယေဘုယျ အသုံးအနှုန်းဖြစ်သည်။