my_tn/1jn/05/18.md

1.9 KiB

ဆက်စပ်မှုဖော်ပြချက်

ရှင်ယောဟန်သည် အပြစ်မပြုနိုင်တော့သော ယုံကြည်သူများ၌ရှိသည့် အသစ်သောအသက်တာအကြောင်းနှင့် ရုပ်တုကိုးကွယ်ခြင်းများမှ မိမိတို့ကိုယ်ကို ကင်းဝေးအောင်နေထိုင်ရန် သူဟောပြောထားခဲ့သည်များကို ပြန်လည်၍ သတိပေးခြင်းဖြင့် သူ၏သြဝါဒစာကို နိဂုံး ချုပ်ထားပါသည်။

လောကီသားအပေါင်းတို့သည် မာရ်နတ်၏ လက်၌ရှိကြ၏ ။

"လောကီသားအပေါင်းတို့" ဟူသော စကားစုနှင့်စပ်လျဉ်း၍တစ်ချို့သောသမ္မာကျမ်းဆိုင်ရာ ရေးသားသူများက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သောသူတို့နှင့်အပြစ်၏တန်ခိုးကြောင့် ပျက်စီးယိုယွင်းပြီး ဆိုးကျိုးသက် ရောက်နေသော လောကီရေးရာ ရှိသမျှတို့ကို ရည်ညွှန်းပြောဆိုကြခြင်းဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy )

မာရ်နတ်

ဤသည်မှာ မာရ်နတ်၏ တန်ခိုးထဲမှာရှိနေခြင်းကိုဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy )