my_tn/1jn/05/13.md

3.3 KiB

ယေဘုယျအချက်အလက်

ဤအရာမှာ ရှင်ယောဟန်၏ သြဝါဒစာအဆုံးပိုင်း၌ အစပျိုးထားခြင်းဖြစ််ပါသည်။ သူသည် သူ၏ စာဖတ် ပရိသတ်တို့အား သြဝါဒစာ၏ နောက်ဆုံးရည်ရွယ်ချက်ကို ပြောပြပြီး တချို့သောနောက်ဆုံး သွန်သင်ခြင်းများကို ပေးထားပါသည်။

ဤအရာများ၊

"ဤပေးစာ"

ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည်၊

ဤနေရာတွင် "ဘုရားသခင်၏သားတော်" ဟူ၍ ရေးထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ - "ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့ထံသို့" ဟူ၍ ဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy )

ဘုရားသခင်၏သားတော်၊

ဤအရာသည် သခင်ယေရှု၏ဘုရားသခင်နှင့် ဆက်နွယ်မှုကို ဖော်ပြသည့်အရေးကြီးသော ဘွဲ့နာမ တစ်ခုဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

အသက်

ဤနေရာ၌ "အသက်" သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ချစ်ခြင်းမေတ္တာအားဖြင့် ထာဝရအသက်ရှင်နိုင်ရန်ရရှိသောအခွင့်အရေးကို ဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ငါတို့သည် ဘုရားသခင်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊

"ငါတို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ ယုံကြည်စိတ်ချမှုရှိကြပါသည်။ အဘယ်ကြောင့်ဆိုသော် ငါတို့သည်.... သိသောကြောင့် ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ငါတို့သည် အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင်၊

"ငါတို့သည် ဘုရားသခင်၏ အလိုဆန္ဒရှိတော်မူသည့်အတိုင်း ဆုတောင်းကြပါက"

ဆုတောင်းသမျှသော စကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊

"ငါတို့သည် ဘုရားသခင်ထံသို့ တောင်းဆိုသော အရာများကို လက်ခံရရှိကြသည်ကို သိရှိပါလိမ့်မည်"။