my_tn/1jn/05/11.md

2.3 KiB

သက်သေခံချက်ဟူမူကား

"ဤသည်မှာ ဘုရားသခင်မိန့်တော်မူသောအရာ ဖြစ်ပါသည်"(UDB)

အသက်

ဤနေရာ၌ "အသက်"သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ချစ်ခြင်းမေတ္တာအားဖြင့် ထာဝရကာလတိုင်အောင် အသက်ရှင်ရသောအခွင့်အရေးကိုဆိုလိုပါသည်။ (ရှု၊ rc://*/ta/man/translate/figs-abstractnouns )

ထိုအသက်သည်လည်း သားတော်၌ပါ၏။

ဤအသက်သည် သားတော်အားဖြင့် ဖြစ်ပါသည်။ "အကယ်၍ ငါတို့သည်သားတော်နှင့် ဆက်နွယ်ကြလျှင်၊ ထာဝရကာလတိုင်အောင် အသက်ရှင်ကြရပါလိမ့်မည်"။ သို့မဟုတ် "ငါတို့သည် သားတော်နှင့် ပေါင်းစည်းကြလျှင် နိစ္စထာဝရ အသက်ရှင်ရကြပါလိမ့်မည်"။

သားတော်

ဤသည်မှာ ဘုရားသခင်၏ သားတော်ယေရှုအတွက် အရေးကြီးသော ဘွဲ့နာမတစ်ခု ဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

သားတော်ကိုရသောသူသည် အသက်ကိုရ၏

သားတော်နှင့်နီးကပ်စွာ ဆက်နွယ်ထိတွေ့မှုရှိခြင်းသည် သားတော်ကို ရရှိပိုင်ဆိုင်ခြင်းဖြစ်ကြောင်း ပြောဆိုထားပါသည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူသည် ထာဝရ အသက်ကို ရ၏"ဟူ၍ဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor )