my_tn/1jn/05/06.md

3.1 KiB

ဆက်စပ်မှုဖော်ပြချက်

ရှင်ယောဟန်သည် ယေရှုခရစ်တော် အကြောင်းနှင့် ဘုရားသခင်သည် ကိုယ်တော်၏ အကြောင်း အဘယ်သို့မိန့်တော်မူသည်ကို သွန်သင်ပေးထားခြင်းဖြစ်သည်။

ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း၊ ကြွလာသောသူတည်း ဟူသော ယေရှုခရစ်တော်ပေတည်း

"ယေရှုခရစ်သည် ရေနှင့်အသွေးအားဖြင့်ကြွလာသောသူ ဖြစ်ပါသည်။" ဤနေရာ၌ "ရေ"သည် ယေရှု၏ဗတ္တိဇံမင်္ဂလာခံခြင်းအတွက် အစားထိုးအသုံးပြုသည့် စကားလုံးဖြစ်ပြီး "အသွေး"သည် လက်ဝါးကပ်တိုင်ပေါ်၌ ယေရှုအသေခံတော်မူခြင်းအတွက် ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ - ယေရှု၏ဗိတ္တိဇံမင်္ဂလာခံယူတော်မူခြင်းနှင့် လက်ဝါးကားတိုင်ပေါ်၌ အသေခံတော်မူခြင်းတို့သည် ခရစ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ထင်ရှားစေခဲ့ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း၊

ရေသည် ယေရှု၏ဗတ္တိဇံ ရေနှစ်ခြင်းမင်္ဂလာခံခြင်းကို ရည်ညွှန်း၍ အသွေးသည် လက်ဝါးကပ်တိုင်ပေါ်၌ ယေရှုအသေခံတော်မူခြင်းကို ရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ - "ယေရှုသည် ဘုရား သခင်၏သားတော်ဖြစ်ကြောင်းကို ဗတ္တိဇံ ရေနှစ်ခြင်းမင်္ဂလာခံခြင်းဖြင့်သာမက ဗတ္တိဇံ ရေနှစ်ခြင်းမင်္ဂလာခံခြင်း နှင့် လက်ဝါးကပ်တိုင်အပေါ်၌ အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင် ၏ သားတော်ဖြစ်ကြောင်းဖော်ပြထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy )