my_tn/1jn/05/04.md

3.7 KiB

ဘုရားသခင်၏သား ဖြစ်သောသူမည်သည်ကား၊

"ဘုရားသခင်၏ သားသမီးအပေါင်းတို့"

လောကကို အောင်ခြင်း။

"လောကကိုအောင်မြင်ခြင်း"၊ လောကကိုဆန့်ကျင်ရာတွင်အောင်မြင်ခြင်း"၊"မယုံကြည်သူတို့ ပြုသော ဆိုးသောအမှုများကို ငြင်းဆန်ဆီးတားခြင်း" ။

လောကကို အောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။

"ငါတို့၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကိုဆန့်ကျင်၍ အပြစ်ပြုရန်သွေးဆောင်သည့်အရာမှန်သမျှ ကို ဆန့်ကျင်သည့်တန်ခိုးကိုပေးသည်"

အဘယ်သူသည် လောကကို အောင်နိုင်သနည်း။

ရှင်ယောဟန်သည်သူသွန်သင်ပေးလိုသောအရာအတွက်၊ ဤမေးခွန်းကို အသုံးပြု၍ နိဒါန်းပျိုးခဲ့ပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ - "အဘယ်သူသည် လောကကိုအောင်နိုင်သူဖြစ်ကြောင်း၊ သင်တို့အား ငါပြောပြမည်"။ ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-rquestion )

လောက

ဤကျမ်းချက်၌ "လောက"သည် အပြစ်ရှိသောသူများအားလုံးနှင့် လောကမှာရှိသော မကောင်းမှုအပြစ်ဒုစရိုက်အားလုံးတို့ကို ရည် ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ - "ဤလောက၌ရှိသောဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်သည့်ခပ်သိမ်းသောအရာများ" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy )

ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ကို ယုံကြည်သောသူ၊

ဤနေရာ၌ တိကျသောပုဂ္ဂိုလ်တစ်ဦးကို ရည်ညွှန်းခြင်းမဟုတ်ပါ။ မည်သူမဆို ဤအရာကို ယုံကြည်သောသူတို့ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ - "ယေရှုသည်ဘုရားသခင်၏ သားတော် ဖြစ်ကြောင်း ယုံကြည်သောသူအယောက်တိုင်း တို့ကို" ဟုဆိုလိုပါသည်။

ဘုရားသခင်၏ သားတော်၊

ဤအရာသည် သခင်ယေရှု၏ဘုရားသခင်နှင့် ဆက်နွယ်မှုကို ဖော်ပြသည့်အရေးကြီးသော ဘွဲ့နာမ တစ်ခုဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples )